ပတ်ဝန်းကျင် ဆိုတာ ဒီလိုမျိုးပါပဲ...
လက်မထပ် ရသေးတဲ့ ကောင်မလေး တယောက်ကို ၀တာ ပိန်တာ က စလို့ အိမ်ပြန်တာ နောက်ကျတာ အဆုံး " သူ့ဘဲနဲ့ ဘာလုပ်နေ မှန်းမှ မသိတာ " ဆိုတဲ့ စကား တလုံး တထဲနဲ့ ။
စေ့စပ်ထားတဲ့ ဒါမှမဟုတ် ချစ်သူ ရှိတဲ့ မိန်းခလေးကို ဆိုရင်လည်း " ဒီလောက် ကြာနေတာကို မယူကြသေးဘူး " " ဒီကောင်မလေး အပျော် ကြံခံနေရတာလား မသိဘူး " အစ ရှိသဖြင့် စကားလုံးတွေနဲ့ ။
ချစ်သူ နဲ့ ပြတ်သွားတဲ့ အချိန် ၊ ကိုယ့်ဘာသာ ပြန်ဂရုစိုက် လာတဲ့ အချိန် ၊ အရာရာကို ရင်ဆိုင်မယ် ဆိုပီး ခေါင်းမော့ လိုက်တဲ့ အချိန် " အေးလေ ဒီကောင်မလေး ဘာတွေ ဖြစ်ခဲ့လို့ ဒီလိုမျိုး နေရဲထိုင်ရဲ ပြင်ရဲ ဆင်ရဲ လာတာ ၊ ဘာတွေဖြစ်လာမှန်း မှ မသိတာအေ " ဆိုတဲ့ စကားလုံးတွေနဲ့ ။
မုဆိုးမနဲ့ တခုလပ်တွေကို ဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ ။ လှုပ်တာနဲ့ကို မြှုပ်အောင် ပြောဖို့ ပါးစပ်တွေ တပြင်ပြင် ဖြစ်နေကြတာ တွေ့နေရမှာပါ ။
အဲဒီလိုမျိုး မိန်းမတယောက်ရဲ့ ဘဝကို ဦးတည် တိုက်ခိုက်ကြတာဟာ သူစိမ်းတွေလား ။ မဟုတ်ပါဘူး ။ ဆွေမျိုး အရင်းတွေ ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေ နဲ့ သူငယ်ချင်း တွေတောင် ပါပါတယ်။
ဒါပေမဲ့ ဘယ်တော့မှ မမေ့နဲ့ ။
အဲ့ဒီလို ပြောနေတဲ့ လူတွေကို တယောက်ချင်း ကြည့် ကြည့်လိုက်ပါ ။ သေသေ ချာချာကြည့် ။ သူတို့တွေထဲမှာ ကိုယ် ဒုက္ခရောက်တဲ့ အချိန် လက်ကမ်း ပေးဖူးသူ မပါဘူး ။
ကိုယ် ငိုနေတဲ့ အချိန်မှာ မျက်ရည် သုတ်ပေးတဲ့လူ မပါဘူး ။ ကိုယ်နာကျင်နေတဲ့ အချိန် ဆုပ်ကိုင်ဖို့ ပေးထားတဲ့ လက်ပိုင်ရှင်တွေ မပါဘူး။
ကိုယ်က ရင်ဖွင့်တဲ့ အခါ နားထောင်ပေး ခဲ့တဲ့ နား ပိုင်ရှင်တွေ မပါဘူး ။ ကိုယ် မောပန်းနေတဲ့ အခါ ရေတစ်ခွက်တိုက်ခဲ့တဲ့ လူ မပါဘူး ။ ကိုယ်လမ်းမှား ရောက်နေတာကို ဆွဲတင် ခဲ့တဲ့လူ မပါဘူး ။
အဲ့ဒီတော့ ကိုယ့်လမ်း ကိုယ်သာ ဆက်လျောက် ။ ကိုယ်ဆိုးဝါးတဲ့ အချိန်မှာ အတူ မရှိခဲ့သူတွေမို့ သူ နားမလည်ဘူး လို့ သဘောထားပြီး ဆက်လျှောက်လိုက် ။ ကိုယ်ဆိုတာ သူတို့ မော့ကြည့်ရတဲ့ ကြယ် တပွင့်ပဲ ဖြစ်နေပါစေ ။
ThutaYatha
Post a Comment