မြန်မာနိုင်ငံမှာ ကျောင်းဆရာ ၊ ကျောင်းဆရာမ ဖြစ်ရခြင်းရဲ့ ကြီးမားသော အကျိုးကျေးဇူးများ
1) တနယ် တကျေးတွင် သင်တန်းများ ခဏ ခဏ သွား တက်ရသဖြင့် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ များစွာ ရရှိခြင်း ။
2) အစိုးရ၀န်ထမ်း လခစား ဖြစ်သောကြောင့် ဈေးဆိုင်များမှာ အကြွေးဝယ်ရာတွင် အလွန် လွယ်ကူခြင်း။
3) သူများဆီ ပိုက်ဆံ ချေးရာတွင်လည်း ကိုယ်က ဆရာ ဆရာမ ဖြစ်သဖြင့် ယုံကြည်ကြခြင်း ။
4) နေရာပေါင်းစုံ ရပ်ရွာမှ ဝေဖန်မှုများ ကြောင့် ခန္တီ ပါရမီ နှင့် ပြည့် စုံလာခြင်း ။
5) မိမိရဲ့ တပည့် များကို မရိုက်ရတော့ သဖြင့် ဒေါသများ ကင်းစင်လာခြင်း ။
6) ရပ်မိရပ်ဖ လူကြီးများနှင့် စကားပြောဆို ပေါင်းသင်း တတ်လာခြင်း ။
7) နေ့စဉ် စာရင်း ဇယားများ လုပ်ရခြင်းကြောင့် အရာရာ တွက်ချက်နိုင် လာခြင်း ။
8) နွေရာသီတွင်ပါ သင်တန်းများ တက်ရသောကြောင့် မိမိရဲ့ အိမ်အလုပ်များကို ရှောင်ကြဉ်နိုင်ခြင်း ။
9) စောင်ဖောင်းထုစာများ နှင့် သရော်စာများ ရေးတတ်လာခြင်း ။
10) စာသင်ခန်းတွင် ဖုန်းကိုင်ပါက အတိုင်ခံရမည် ဆိုသောကြောင့် ဖုန်းမကိုင်ရတော့ သဖြင့် ဖုန်းဘေကုန်သက်သာလာခြင်း ။
Credit
Post a Comment