Header Ads

တစ်ယောက်နဲ့တစ်ယောက် ယူဖို့အထိ စဉ်းစားထားရင်..


ဟိုးအရင် ရည်းစားဖြစ်ကာစက.. သူ့ဖုန်းလည်း ကျွန်တော် တစ်ချိန်လုံး စစ်တယ်… သူလည်း အတူတူပဲ တစ်ချိန်လုံး သံသယတွေနဲ့ Comment လာပေးတာ.. အသဲပုံတွေ ဘာတွေ ပါရင် ရန်ဖြစ်လိုက် ဖုန်းမအားရင် ရန်ဖြစ်လိုက် ဖုန်းပိတ်ထားရင် ရန်ဖြစ်လိုက်နဲ့ တစ်ပတ် တစ်ပတ်ကို ရန်ပွဲက မနည်းဘူးရယ် ...

ဘေးနားကပ် ရှိတာတောင်မှ မက်စင်ဂျာက မက်စေ့လာရင် ဘာလည်းဆိုတဲ့ စိတ်နဲ့ အသဲအသန် ဖုန်းယူကြည့်ရတာနဲ့ ဘာနဲ့… တစ်ယောက်နဲ့ တစ်ယောက် ဘယ်တုန်းကမှကို စိတ်မချဘူး ... အာ့တုန်းကတော့ သဝန်တိုတာ ကြီးကိုပဲ အချစ်လို့ကို ထင်နေကြတာ ...

ရည်းစားသက်တမ်း နှစ်နှစ်လောက် ဖြစ်လာတော့ ကိုယ်လည်း အရင်လိုမဟုတ်ပဲ ပြောင်းလဲလာသလို… သူလည်း ကိုယ်တစ်ယောက်ပဲ ရှိတယ်ဆိုတာ ယုံကြည်လာတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာတွေ နည်းလာတယ် ... ဖြစ်တော့ဖြစ်သေးတယ် တော်တော်နည်းလာတာ ...

အတူတူ ထိုင်နေတုန်း မက်စေ့လာလည်း သိပ်မမေးတော့ဘူး.. အလိုလို ကိုယ့်ဘာသာကိုယ် ဘယ်သူက ဘာပြောနေတာဆိုပြီး ပြောဖြစ်တယ်... သူ့အကောင့်က Comment တွေလည်း သိပ် စိတ်မဝင်စားတော့ဘူး ... ဘယ်လောက်မန့်မန့် သူက အဖက်မလုပ်ဘူး ဆိုတာ သိသွားလို့ ... လာကြူနေရင်တောင် သူက ဒီမှာ ဒီတစ်ယောက် ဘာတွေ လာပြောနေမှန်း မသိဘူး ဆိုပြီး ကိုယ့်တောင် လာပြသေး.. ကိုယ်ကတောင် ကိုယ့်ဘာသာ ဘလော့လိုက်လေ ဆိုပြီး အေးဆေးပဲ ...

ဖုန်းမအားလည်း ကိုယ်ဆက်ထားတဲ့ Miss Call မြင်တာနဲ့ သူပြန်ခေါ်တယ်.. ဘယ်သူနဲ့ ဘာကိစ္စဆိုပြီး အေးဆေးပဲ ကိုယ်လည်း လက်ခံတယ် ... ညဘက် အပြင်သွားတယ် ဘယ်သူနဲ့ ဘယ်နေရာသာ ပြောလိုက် သူသဘောတူတယ်.. ဖုန်းဆက်ရင်သာ ဖုန်းကိုင်ပေး ... နောက်ကျလာရင်တော့ မပြန်သေးဘူးလား ဘာညာတော့ ရှိတယ် အေးဆေးပဲ  ....

ဒါ မချစ်တော့တာ မဟုတ်ဘူး နားလည်မှု ရှိလာတာ ... သဘောထား မသေးတော့တာ ... ယုံကြည်မှု ရှိလာတာ ... တစ်ယောက်နဲ့တစ်ယောက် ယူဖို့အထိ ဆုံးဖြတ်ထားရင် အချိန်တန်ရင် နားလည်မှု ဆိုတာ တည်ဆောက်ထားရတော့မယ် ...

ငါ့ကို Tag ပြီး ဘာမှမရေးဘူးတို့ ... စုံတွဲပုံ မတင်ဘူးတို့ ... Rs Goal တို့ဆိုတာ ခုချိန် အရေးမကြီးတော့ဘူး ... ပိုက်ဆံ ဘယ်လိုစုကြမယ် ... ဘယ်အချိန်ယူမယ် ... ဘယ်မှာနေမယ် ... ခရီးကို ဘယ်လိုသွားမယ် ဒီလောက်ပဲ စိတ်ထဲရှိတော့တယ် ...

သူ့အလုပ် ကိုယ့်အလုပ် ကိုလည်း လေးစားတတ်လာတယ် ... သူ့မိသားစု ကိုယ့်မိသားစု ဆိုတာလည်း သိတတ်လာတယ် ... ဒီတော့ ဘာမဟုတ်တာ လောက်နဲ့ ကလေး မဆန်တော့ဘူး ... အခုချိန်တည်းက ကလေးဆန် စိတ်ကောက်နေရင် ရေရှည်လည်း အဆင်ပြေမှာ မဟုတ်ဘူး ...

ယုံကြည်ပါ.. ယုံကြည်မှုကို အလွဲသုံးစား မလုပ်ပါနဲ့ ... ယုံပါ တတ်နိုင်သလောက် အမှန်အတိုင်းပြောပါ .. သူအမှန်အတိုင်း ပြောရင် လက်ခံပေးပါ ... ဒါမှ နောက်လည်း အမှန်အတိုင်းပြောမှာပါ ... လိမ်ပြောမှ ကြိုက်တယ်ဆို နောက်ဆို လိမ်ပဲလိမ် နေတော့မှာပါ ...

ဒီတော့ စဉ်းစားပါ အပျော်တွဲမှာလား လက်ထပ်ဖို့ အထိလား ... ထာဝရအတွက်ဆို တစ်ယောက်နဲ့ တစ်ယောက် ရိုးသားပါ ... ရေရှည်ကို တွေးပါ ... လူရွေးမှန်ပါ .. ဘာမဟုတ်တဲ့ RS Goal နဲ့ Suprise လောက်မှာ Feel တက် မနေပါနဲ့ ...

crd my idol Aung Phone(~OMG~)

No comments

Powered by Blogger.