ထူးခြားတဲ့စာသားနဲ့ ကမ်းခြေရောက် ဂန္တ၀င်ရဲ့ လှပတဲ့ ပုံရိပ်လေးများ
ဟိုတစ်ချိန်က နာမည်ကြီးခဲ့တဲ့ မော်ဒယ်/ မင်းသမီးချော ဂန္တဝင်ကတော့ အနုပညာ လောကမှာ အရင်ကလောက် သိပ်ပြီး မမြင်ရတော့ပေမဲ့ သူမကတော့ ဖေ့ဘုတ်ပေါ်မှာ အမြဲ ရှိနေတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဖေ့ဘုတ်ပေါ်မှာ သူမရဲ့ အလှပုံရိပ်တွေကို မျှဝေပေးတတ်တဲ့ သူတစ်ယောက် ဖြစ်တဲ့အပြင် အချစ်အကြောင်းတွေ၊ ဘဝ အကြောင်းတွေကို မျှဝေပေးထားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
ဂန္ထဝင်ဟာ လတ်တလောမှာ ကမ်းခြေကို ရောက်ရှိနေခဲ့ပြီး သူမရဲ့ ကမ်းခြေက ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးထားပါတယ်။ အနီရောင် ရေကူးဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်နေတဲ့ ဂန္ထဝင်ရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို ရင်ခုန်စေမှာ အမှန်ပါပဲ။
ဂန္ထဝင်က “ ရုတ်တရက် ထွက်ခွာသွားမဲ့ သူတယောက် အနေနဲ့ သူ့ကို မနှုတ်ဆက်ခဲ့လို့လဲ နောင်တ မရခဲ့ပါဘူး ငါဆက်ပြီး အသက်ရှင်နေရရင်တော့…” လို့ ထူးဆန်းစွာ ရေးသားထားပြီး ဓါတ်ပုံလေးတွေကို ဖေ့ဘုတ်ပေါ် တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဂန္ထဝင်ရဲ့ ကမ်းခြေရောက် အလှဓါတ်ပုံ လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျပေးလိုက်ပါတယ်။
Source - Gantawinn
Post a Comment