Header Ads

ချစ်သူကို ရိုက်နှက်ပီး Live လွှင့်ခဲ့သူကို ရဲကဖမ်းဆီး


မူးယစ်ဆေး တရားလွန် သုံးစွဲလေ့ရှိတဲ့ ဆေးသမား တစ်ဦးဟာ သူရဲ့ချစ်သူ အမျိုးသမီးကို အခန်းထဲမှာ သော့ခတ် ပိတ်ထားပြီး အမြဲလိုလို ရိုက်နှက်နှိပ်စက်ကာ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်လေ့ ရှိကြောင်း သိရပါတယ်။ မကြာသေးမီက အဆိုပါ အမျိုးသားဟာ လူမှုကွန်ယက်မှာ Live လွှင့်ပြီး သူ့ချစ်သူအမျိုးသမီးကို ရက်ရက်စက်စက် ထိုးကြိတ် ကန်ကျောက်ရင်း သတ်ပစ်မယ် လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။



အဆိုပါ အမျိုးသားရဲ့ နာမည်မှာ Chaichana Sirichart ဖြစ်ပြီး သူ့ရဲ့ ချစ်သူအမည်ကတော့ Kuldara Yeesaman ဖြစ်ပါတယ်။ Live လွှင့်နေစဉ်မှာ Kuldara ဟာ သွေးအလိမ်းလိမ်း ပေကျံနေတဲ့ မျက်နှာနဲ့ ဖူးယောင်နေတဲ့ မျက်ခွံတွေ၊ ဒဏ်ရာတွေကို အတိုင်းသား မြင်တွေ့ခဲ့ရတယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။



Chaichana နဲ့ သူရဲ့ချစ်သူ တို့ဟာ အသက် (၂၅) နှစ်ဝန်းကျင် ဖြစ်ကြပြီး Chaichana က Kuldara မှာ တစ်ခြား ကောင်လေး တစ်ယောက် ရှိနေပြီလို့ စိတ်ထဲက ထင်မြင်နေပါတယ်။ ဒါကြောင့်လည်း ဆေးမူးတဲ့ အခါတိုင်း ချစ်သူကို ပြင်းထန်စွာ ရိုက်နှက် နှိပ်စက်လေ့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူ့စီးပွားရေး လုပ်ထားတဲ့ ပိုက်ဆံတွေကို ခိုးတယ် လို့လည်း စွပ်စွဲပါတယ်။



Chaichana က စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ပြီး မူးယစ်ဆေးကို အလွန်နှစ်သက်သူ ဖြစ်ပါတယ်။ ဗွီဒီယိုဟာ လူမှု ကွန်ယက်ပေါ်မှာ အများပြည်သူ စိတ်ဝင်စားခြင်း ခံခဲ့ရပြီးနောက် ရဲတွေက တရားခံ Chaichana နေထိုင်တဲ့ ဘန်ကောက်မြို့၊ Bueng Kum ရပ်ကွက်က နေအိမ်ကို သွားရောက်ပြီး ပြစ်မှုကျူးလွန်သူ Chaichana ကို ဖမ်းဆီးခဲ့ပါတယ်။



Kuldara ကိုလည်း ဆေးကုသမှု ခံယူဖို့ ရဲတွေက စီစဉ်ပေးခဲ့ပါတယ်။ Chaichana ဟာ သူလည်ပတ်နေတဲ့ Global FX Investment လုပ်ငန်းနဲ့ ပတ်သက်ပြီး ငွေတွေ အရှုံးပေါ်နေလို့ စိတ်ဓာတ်ကျဆင်း နေတယ်လို့လည်း ရဲကဆိုပါတယ်။ ဒါကြောင့်လည်း နေ့စဉ် အရက်သေစာ သောက်စားခြင်းနဲ့ မူးယစ်ဆေး သုံးစွဲခြင်းတွေနဲ့သာ အချိန်ကုန် နေလေ့ရှိပြီး ဒီအတောအတွင်းမှာ ချစ်သူ Kuldara အဖို့ ငရဲတမျှ ဖြစ်ခဲ့မှာပါ။ အခုတော့ ပြစ်မှုကျူးလွန်သူကို Kuldara ကို ဖမ်းဆီး စစ်ဆေးနေတယ် လို့ သိရပါတယ်။


နတ်စည်တော် (Shwemom)
source : mirror.co.uk

No comments

Powered by Blogger.