Header Ads

ရည်းစားဖြစ်သူကို စိန်ခေါ်ခဲ့တဲ့ အမျိုးသမီး မျက်လုံးမြားစိုက် (ရုပ်သံ)


နယူးယောက် စီးတီးက ဘားတစ်ခု လို့ ယူဆရတဲ့ နေရာတစ်ခုမှာ အမျိုးသမီး တစ်ယောက်ရဲ့ မျက်လုံးကို မြားစိုက်ခဲ့တဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ထို အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယို ထဲမှာတော့ အမျိုးသမီး တစ်ယောက်ဟာ ရည်းစားဖြစ်သူကို သူမရဲ့ ခေါင်းပေါ်ကျော်ပြီး မြားပစ်ဖို့ စိန်ခေါ်တဲ့ သဘောနဲ့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ရည်းစားဖြစ်သူ ပစ်လိုက်တဲ့ ပထမဆုံးမြားက သူမ မျက်နှာနဲ့ ကပ်သီးလေး လွဲသွားပြီး ဆံပင်နားကနေ သီသီလေး ဖြတ်သွားခဲ့ကာ နောက်ဘက်မှာရှိတဲ့ အနက်ရောင် နံရံပေါ်မှာ သွားစိုက်ခဲ့ပါတယ်။ သူမက မြားကိုပြန်ဖယ် လိုက်ပြီး ကင်မရာရှေ့မှာ မြားကို ကိုင်တာ သူမ ခေါင်းပေါ်ကို မြားပစ်ပြနိုင်မလား ဆိုပြီး ရည်းစားကို စိန်ခေါ်ခဲ့တာပါ။



ဒါပေမယ့် သူမရဲ့ ရည်းစား နောက်ထပ် တစ်ကြိမ် ထပ်ပစ်လိုက်တဲ့ မြားကတော့ သူမ ခေါင်းပေါ်ကို ကျော်မသွားပဲ မျက်လုံးကို ထိမှန်သွား ခဲ့ပါတယ်။ မျက်လုံး မှန်သွားတဲ့အခါ ထို အမျိုးသမီးက ချက်ခြင်း ဆိုသလိုပဲ မြားကို ဆွဲထုတ်ခဲ့ပါတယ်။ မြားစိုက် ပြီးပြီးချင်းတော့ အမျိုးသမီးဟာ မျက်လုံးမှာ နာကျင်တဲ့ ဝေဒနာကို ခံစားရပုံ သိပ် မပေါ်ပေမယ့် ဗီဒီယို အဆုံးမှာတော့ သူမက တုန်လှုပ်ခြောက်ခြား နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။


မြားဟာ ထို အမျိုးသမီးရဲ့ မျက်လုံးအောက် နှုတ်ခမ်းသားကိုပဲ ထိသွားခဲ့သလား၊ ဒါမှမဟုတ် တကယ်ပဲ မျက်လုံးထဲ မြားစိုက်ဝင်သွားသလား ဆိုတာတော့ မသိရပါဘူး။ ဒါ့အပြင် ထိုအမျိုးသမီးကို ဆေးရုံ ပို့ပေးခဲ့ရသလား ဆိုတာလည်း သေချာ မသိရှိရပါဘူး။ အမေရိကန် မျက်စိပညာ အကယ်ဒမီ ကတော့ အခုလို မျက်စိ ထိခိုက်မိတာက မျက်စိ အမြင်အာရုံ ဆုံးရှုံးစေတဲ့ အပြင် မျက်လုံး ဆုံးရှုံးမှုကိုပါ ဖြစ်စေကြောင်း ပြောပြခဲ့ပါတယ်။


မျက်လုံးကို ထိခိုက်မှု ဖြစ်ပွားတဲ့အခါ ချက်ခြင်း ဆေးကုသမှု ခံယူဖို့ လိုကြောင်းနဲ့ မျက်စိကို ထိခိုက်မိစေတဲ့အရာဝတ္ထု၊ မျက်စိနား တစ်ဝိုက် ထိခိုက်တဲ့ နေရာတွေပေါ် မူတည်ပြီး အမြင်အာရုံ ဆိုးဆိုးဝါးဝါး ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အောက်တွင် ရုပ်သံကြည့်ရှုနိုင်သည်။



လင်းလင်း (ShweMom)
Ref: The Sun

No comments

Powered by Blogger.