အဆိုတော်အနဂ္ဂရဲ့ T Shirt အဓိပ္ပါယ်အမှန်က ဒီလိုပါ
မြန်မာ လူမျိုးတွေက အတော်ပင် ရိုင်းကြသည်။ ကိုယ့်စိတ်မှာ ရှိနေသည့် အရာကို ပါးစပ်က အလွယ်တကူ ထွက်ကြသည်။ မိဘရိုသေသူက တစ်ခုခုဖြစ်ရင် အမေ့ ဆိုပြီး ယောင်တက်သလို ရိုင်းစိုင်းသူကတော့ ငါ့အရီး ဆိုပြီး ယောင်တက်တဲ့ သဘောပါ။
ညက တေးသံရှင် အနဂ္ဂက Tshirt တစ်ထည် မိတ်ဆက်သည်။ လူတွေက သူတို့ အတွေးနဲ့ ယှဉ်ပြီး စကားလုံးတွေက ညစ်ညမ်းစွာ ဘာသာပြန်ကြသည်။ဒါသည် သူတို့ အပြစ်တော့မဟုတ်ပေ။ သူတို့ စိတ်က ညစ်ညမ်းနေတာလဲ ဖြစ်နိုင်သည်။
လ စပ ခမသ မအလ ငလမသ မမစပ ဖလမသ ကမကလ ဆိုပီး ရေးထားတာကို တစ်ချို့က ဆဲတယ် ထင်ကြတယ်။ ဒါဟာ ဇာတ်လမ်း တစ်ပုဒ်မျှသာ ဖြစ်သည်။ လ သည် လူလို့ အဓိပ္ပါယ် ရသည်။ စပ သည် စပါးဖြစ်သည်။ လူဖြစ်လာရင် စပါးနဲ့ ကင်းကွာလို့ မရပေ။
စပါးသည် နောင်တစ်ချိန် ဆန် ဖြစ်လာမယ့် အရာဖြစ်သည်။ လူတစ်ယောက် စပါးဆိုတဲ့ ဆန်တွေကို စားရင်း အရွယ်ရောက် လာသည့်အခါ ခမသ ဆိုသည့် ချစ်မိသူတွေ အလိုလို ဖြစ်လာသည်။ ခမသ ဆိုသည်မှာ လူတွေ ထင်သလို မဟုတ်ပဲ ချစ်မိသူ တစ်ယောက်သာ ဖြစ်ပါသည်။
မအလ ဆိုတာကတော့ မင်းအောင်လား ဆိုတဲ့ အဓိပ္ပါယ်ပါ။ ချစ်မိသူ ကို ကျောင်းတက်ရင်း တွေ့ခဲ့ကြဟန်တူသည်။ စာကျက်ရင်း ချစ်မိသူနဲ့ ဆုံတွေ့တဲ့အခါ စာမေးပွဲ ဖြေနိုင်ပါ့မလားဟု စိုးရိမ်လို့ သူငယ်ချင်း ဖြစ်သူက မအလ ဆိုပီး ခပ်လွယ်လွယ် မင်းအောင်လား ဆိုပီး မေးခြင်းဖြစ်သည်။
အလွမ်းတွေကြီးစိုးမှုကြောင့် အောင်စရင်း မကြည့်ရသေးဘူး။ ငါလဲမသိ သေးဘူးလို့ ခပ်လွယ်လွယ် ဖြေထားပုံကို ငလမသ ဆိုပီး ပုံဖော်ထားသည်။ အချစ်ဒဏ်ကြောင့် စိတ်လေနေသူဟာ စကားလုံးတွေ မလေးနက်ကြောင်း ငလမသ က ဖော်ပြနေသည်။
ကောင်လေးရဲ့ ချစ်သူ နာမည်ကတော့ မမစပ ဆိုတဲ့အတိုင်း မမစံပယ် ဆိုသူ ဖြစ်သည်။ ကောင်လေးက မမစပ ဆိုတဲ့ မမစံပယ်လဲ အောင်လားမေးတော့ သူငယ်ချင်းက ဖလမသ ဆိုတဲ့ ဖြေလားမသိဘူး ဆိုပီး ပြန်ဖြေသည်။ မမစပ စာမေးပွဲ ဖလမသ ဘူးပေါ့။ ဆိုလိုတာက မမစံပယ် စာမေးပွဲ ဖြေလားမသိဘူး လို့ ဆိုလိုတာပါ။
ကမကလ ဆိုတာ ကောင်လေး အသည်းကွဲပီး အသားတွေ မည်းသွားကြောင်း ဆိုလိုသည်။ အသည်းတွေကွဲလို့ ကိုယ့်မှာကုလား လို မည်းသွားပီ ဆိုပြီး ဆိုလိုရင်း ဇာတ်လမ်းလေးကို သိမ်းထားသည်။ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းလေးပါ ဖလန့်တို့။
ဖလန့်တို့ ထင်နေသလို ယီး စာပတ် ခွေးမသား မအေယိုး ငါယိုးမသား မင်းမေစာပတ် ဖေလူးမသား ကိုယ်မေကိုယိုး ဆိုတဲ့ စကားတွေ မဟုတ်ကြောင်း ပြန်လည် ရှင်းပြလိုက်ရပါသည် ။ ။ ။
Oo_Nyo
Post a Comment