ဆရာကျော်ဆန်းလွင်၏ တပတ်စာ ဟောစာတမ်း (1.7.2018 မှ 7.7.2018 ထိ)
တနင်္ဂနွေသားသမီးများ အတွက်
မိမိကံ အကောင်းထဲသို့ ရောက်လာပြီဖြစ်သည်။ သို့သော် စကားအပြောမှားခြင်း ဖြစ်တတ်၍ သတိထားပါ။ မိတ်ကောင်းဆွေကောင်းများ ကူညီမစလိမ့်မည်။ အလုပ်အကိုင်အစီးအပွား ဖြစ်ထွန်းလာပေလိမ့်မည်။ ပညာရေးတွင် စနစ်တကျ အစီအစဉ်ချ၍ လေ့လာကျက်မှတ်ပါမှ အဆင်ပြေလိမ့်မည်။
ရန်သူများ ပေါ်လာလျှင်လည်း ယာယီမျှသာ ပေါ်ခြင်းဖြစ်သည်။ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော အလုပ်အကိုင်များ အခြေအနေ ကောင်းသော်လဲ မိမိကိုယ်တိုင် သွားရောက်လျှင် စိတ်တိုင်းမကျမှုလေးများ ကြုံရတတ်ပါသည်။ အိမ်ထောင်ရေး အခြေအနေတွင် အိမ်ထောင်ဘက်၏ ကျန်းမာရေး ဂရုပြုရပါမည်။ အချစ်ရေးအနေဖြင့် မမျှော်လင့်ဘဲ ကံကောင်းလာခြင်း ပျော်ရွှင်ရခြင်းမျိုး ကြုံဖို့ရှိပါသည်။
သို့သော် အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲသို့ ၀င်နေသော တနင်္ဂနွေ သားသမီးများသည် ကာလ၀ိပ္ပတ္တိကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ပိုလျှံနေသော အိတ်အဟောင်း ဦးထုပ်အဟောင်းများ စွန့်ပစ်ပါ။ ဘုရားပန်းများ သပ္ပာယ်အောင် ကိုယ်တိုင်ပြင်ဆင်တင်လှူပါ။
တနလာင်္သားသမီးများ အတွက်
အလုပ်အကိုင် အနည်းငယ် ခက်ခဲနေကာ ငွေကြေးကလဲ သူတပါးကို ထောက်ပံ့ပေးကမ်းရခြင်းမျိုး ကြုံရတတ်ပါသည်။ အပူသောက အနဲငယ်ရှိသော်လဲ ကံညံ့သည်ဟု မဆိုနိုင်ပါ။ မိတ်ကောင်းဆွေကောင်းများ၏ အကူအညီကို ရပါလိမ့်မည်။ အိမ်တွင်းရေး အညံ့လေးတော့ ရှိသဖြင့် နားလည်မှုထား သည်းခံရပါမည်။
ပညာရေး အခြေအနေမှာ တက်လိုက် ကျလိုက် ဖြစ်နေသောကြောင့် စိတ်ရှည်ရှည်ထား လေ့လာ ကျက်မှတ်ပါ။ ယခုတပတ်အတွင်း မိမိအနေဖြင့် ရှေ့ရေးကိုတွက်ဆလျှင် အများအားဖြင့် မှန်ကန်နေလေ့ ရှိသည်ကို တွေ့ရမည်။ ယာယီ ရန်သူလေးများ ပေါ်တတ်ပါသည်။ အချစ်ရေးတွင် တနလာင်္ အမျိုးသားများက ကံကောင်းနေပြီး အမျိုးသမီးများအနေဖြင့် ဆင်ခြင်ရပါမည်။
သို့သော် အသက် 2, 3, 10,11, 18, 19, 26, 27, 34, 35, 42, 43, 50, 51, 58, 59, 66, 67, 74, 75, 82, 83, 90, 91, 98, 99, 106, 107 နှစ်ထဲ ၀င်နေသော တနလာင်္သားသမီးများသည် ကာလ၀ိပ္ပတ္တိကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ရဟန်း သံဃာ သီလရှင်အား ဆေးဝါးပစ္စည်း တခုခု လှူဒါန်းပါ။
အင်္ဂါသားသမီးများ အတွက်
ဖခင်၊ အထက်လူကြီး စသော အကြီးအကဲများနှင့် ပတ်သက်၍ စိတ်ညစ်မှုရှိတတ်သည်။ အငြိုးအတေးကြီးသောရန်သူများနှင့် ရင်ဆိုင်ရတတ်ပါသည်။ ပညာရေးတွင် စိတ်နှစ် ကြိုးစားရမည်၊ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေးကိစ္စများက အနှောက်အယှက်ပြုတတ်ပါသည်။ ယခုအပတ်တွင် မိမိမှာ ထက်ထက်မြက်မြက်ဖြစ်လာမည်။ ဒေါသတော့ ကြီးလွယ်လာမည်။
မိတ်ဆွေ သို့မဟုတ် အမျိုးသမီးကို အကြောင်းပြု၍ သိက္ခာကျကိန်း ရှိလေရာ ဆင်ခြင်ပါ။ ပယောဂ အနှောက်အယှက်ရှိသောအခါ မိမိကို လောကီပညာရှင် ဆရာများသို့မဟုတ် အစောင့်အရှောက်များက သနားချစ်ခင် ကူညီကြလိမ့်မည်။ အချစ်ရေးတွင် မိမိက စိုးရိမ်ကြောင့်ကြ ပူပမ်လျက် စောင့်ရှောက်ပေးနေရပါမည်။ အိမ်ထောင်းရေးကံမှာ အမျိုးသမီးအတွက် အသင့်အတင့် ကောင်းပြီး အမျိုးသားမှာ ပြဿနာများ ဖြေရှင်းနေရတတ်ပါသည်။
ယတြာ။ ။ ဘုရားစေတီများ၌ လျှပ်စစ်မီး အလှူခံပုံးအတွင်း အလှူငွေ ထည့်ဝင်ပူဇော်ပါ။
ဗုဒ္ဓဟူးသားသမီးများ အတွက်
စိတ်ခံစားချက်များ ဖုံးဖိမထားဖြစ်ပဲ ပေါက်ကွဲချင် နေတတ်ပါသည်။ အကြီးအကဲပြု၍ တာဝန်ယူ စီစဉ်ညွှန်ကြားပေးနေရမည်။ အလုပ်ထဲတွင် စိတ်ဖိစီးမှုများမည်၊ အကျိုးအမြတ်ငွေများ ထိုက်ထိုက်တန်တန် ၀င်နေမည်။ သို့သော် လုပ်ငန်းချဲ့ထွင်ရန် မသင့်လျော်သေးပါ။ မိတ်ဆွေများက မိမိကို ထိထိရောက်ရောက် ကူညီမှုပေးနိုင်သော ကာလဖြစ်ပါသည်။
အသိပညာ အတတ်ပညာ ကောင်းများ သင်ကြား တတ်မြောက်လွယ်နေသည် ဖြစ်သောကြောင့် မိမိဘက်က မလေးမစား ပေါ့ဆနေတတ်ပါသည်။ မိသားစုဝင်များက တယောက်တမျိုး ထင်ရာ လုပ်နေတတ်ပါသည်။ အချစ်ရေးတွင် မိမိက မစိုးရိမ်သင့်ပဲ စိုးရိမ်နေရတတ်ပါသည်။ အိမ်ထောင်ရေးကံ အရ အမျိုးသမီး ဗုဒ္ဓဟူးများ အနဲငယ်ညံ့၍ အမျိုးသားများက အိမ်ထောင်ဘက်၏ အကျိုးကျေးဇူး ခံစားရပါမည်။
အသက် 5, 13, 21, 29, 37, 45, 53, 61, 69, 77, 85, 93, 101, 109 နှစ်ထဲ ၀င်နေသော ဗုဒ္ဓဟူးသားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာသတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ရဟန်းသံဃာ သီလရှင်အား ကြက်ဥဖြင့် ပြုသော စားစရာ လှူဒါန်းပါ။
ရာဟုသားသမီးများ အတွက်
ဘာသာရေး ကျင့်စဉ်များ ကျင့်ကြံခြင်းဖြင့် ကံပွင့်လန်းကာ အစစ အဆင်ပြေ လာလိမ့်မည်။ လုပ်ငန်းကိစ္စများ၌ အခွင့်အလမ်းကောင်းများ ပေါ်လာမည်ဖြစ်သလို အပြင်းအထန် ယှဉ်ပြိုင်ဘက်များလည်း ရှိနေမည်။ မထင်မှတ်ပဲ ငွေကုန်ကြေးကျ များပါလိမ့်မည်။ ပြင်ပ မိတ်ဆွေများထက် မိသားစု ဆွေမျိုးများ၏ အကူအညီကို ပိုရမည့် ရက်သတ္တပတ်ဖြစ်သည်။
ကျန်းမာရေးကြောင့် ပညာရေး ကြန့်ကြာသည်မှအပ ရက်သတ္တပတ် ကုန်ခါနီးတွင် ပညာရေး ပိုကောင်းလာသည်။ အိမ်ထောင်ရေးတွင် ခင်ပွန်းဖြစ်သူက မိမိစကား နားမထောင်ဖြစ်နေတတ်ပြီး ဇနီးဖြစ်သူက မိမိကို သြဇာပေးနေလိမ့်မည်။ အချစ်ရေးတွင် စိတ်မတည်မငြိမ်လေး ဖြစ်နေတတ်ပေသည်။ အထူးသဖြင့် အမျိုးသား ရာဟုများ ကံကောင်းသည့် ကာလဖြစ်ပါသည်။
သို့သော် အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲ ၀င်နေသော ရာဟု သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ရဟန်း သံဃာ သီလရှင်အား စပျစ်သီးလှူပါ။
ကြာသပတေးသားသမီးများ အတွက်
စိတ်ရော ကိုယ်ပါ ကျန်းမာရေး ဂရုပြုရပါမည်။ အလုပ်အကိုင် အဆင်ပြေမည်။ ငွေကြေး အကုန်အကျ များတတ်သဖြင့် သတိထားရမည်။ မိတ်ကောင်းဆွေကောင်း တိုးပွားလိမ့်မည်။ အချစ်ရေး အိမ်ထောင်ရေးမှအပ မိမိကံ အကောင်းထဲတွင်ရှိပါသည်။
ကြာသပတေးနေ့ဖွား အမျိုးသားများကမူ စိတ်ရှည်သည်းခံ လိမ့်မည်။ ပညာရေးတွင် ဆရာသမားနှင့် နားလည်မှုမကိုက်ဖြစ်တတ်ပါသည်။ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော ကိစ္စများတွင် အကျိုးစီးပွား ဖြစ်ထွန်းပါလိမ့်မည်။
အသက် 1, 9, 17, 25, 33, 41, 49, 57, 65, 73, 81, 89, 97, 105, 113 နှစ်ထဲ ရောက်နေကြသော ကြာသပတေး သားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ နေထိုင်မကောင်း သူများကို အချိုရည်လှူဒါန်းပါ။
သောကြာသားသမီးများ အတွက်
အလုပ်အကိုင် အစီးအပွား ငွေကြေးကိစ္စရော ပင်ကိုယ်ကံဇာတာပါ တိုးတက် ဖြစ်ထွန်းနေသည်။ ကုသိုလ်ကောင်းမှုပြုလေ ကံကောင်းလေ ဖြစ်နေမည်။ ဘာသာခြားလူမျိုးခြားများနှင့် ပေါင်းသင်းဆက်ဆံရေးတွင်တော့ အညံ့ရှိပါသည်။ ထက်မြက်သော မိတ်ကောင်းဆွေကောင်းများက ထိထိရောက်ရောက် ကူညီပေးကြလိမ့်မည်။
မိမိကို အငြိုးအတေး ထားသူ ပေါ်ပေါက်လာတတ်ပါသည်။ ပညာရေးရာတွင် စိတ်တိုင်းကျ မဖြစ်နိုင်သေးပါ။ အရေးကြီးကိစ္စများ ကြုံသောအခါ သစ္စာပြု တိုင်တည်ခြင်းဖြင့်တွဲ၍ ဖြေရှင်းလျှင် ပိုမို အဆင်ပြေ အောင်မြင်သည်ကို တွေ့ရမည်။ အချစ်ရေး အိမ်ထောင်ရေးတွင် စိတ်သက်သာရာရ အကျိုးဖြစ်ထွန်းနိုင်ပါသည်။ အထူးသဖြင့် သောကြာနေ့ဖွား အမျိုးသားက ကံပိုကောင်းပါသည်။
ယတြာ။ ။ ရဟန်း သံဃာ သီလရှင်ကို နို့ထွက်ပစ္စည်းများ လှူဒါန်းပူဇော်ပါ။
စနေသားသမီးများ အတွက်
မိမိစိတ် မတည်မငြိမ် ဖြစ်နေရလိမ့်မည်။ စိတ်ဖိစီးမှုကို မခံနိုင် ဖြစ်နေတတ်သည်။ ခင်ပွန်း၊ သားသမီးအတွက် စိတ်ပူပန် ရတတ်သည်။ ဇနီးဖြစ်သူ၏ အကျိုးကျေးဇူးကို ခံစားရမည်။ အလုပ်ထင်သလောက် မပြီးမြောက်စေကာမူ ငွေကြေးဝင်ကံကောင်းပါသည်။ သို့သော် စည်းစနစ်ဖြင့် ငွေကြေး သုံးစွဲနေရ ကိန်းရှိသည်။
သူငယ်ချင်း မိတ်ဆွေများကို မိမိက ကူညီပေးနေရမည်။ ဘုရားဖူး စသော ကောင်းသောခရီးစဉ် များပေါ်သော် ကံပိုကောင်းလာလိမ့်မည်။ ပညာရေးတွင် ကံကောင်းနေသော်လည်း မပေါ့ဆပါနှင့်။ ချစ်မှုရေးရာတွင် စည်းစနစ်ကျကျ ရှိမှ အဆင်ပြေလိမ့်မည်။
အသက် 6, 14, 22, 30, 38, 46, 54, 62, 70, 78, 86, 94, 102, 110 နှစ်ထဲ ရောက်နေကြသော စနေသားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာသတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ သိမ်ကုဋီများသို့ သန့်ရှင်းရေးပစ္စည်းများ လှူဒါန်းပါ။
ဉာဏ်စွမ်း ဝီရိယစွမ်း တို့ဖြင့် အစစအဆင်ပြေ တိုးတက်ကြပါစေ
ဆရာကျော်ဆန်းလွင် Sayar Kyaw Sann Lwin
Post a Comment