Header Ads

ရှမ်းမလေးကို ယူလိုက်ကာမှ ခွေးလုံးလုံး ဖြစ်သွားရတဲ့ သူငယ်ချင်းတယောက်ရဲ့ ဖြစ်ရပ်


သူငယ်ချင်း တယောက် ရှမ်းမလေး တယောက် နဲ့ အကြောင်း ပါတယ် ...
သူတို့ နှစ်ယောက် လက်ထပ်ပြီးတော့ ဒီကောင်က ရှမ်းမလေး အိမ်မှာပဲ လိုက်နေ ရတယ် ...

လက်ထပ်ပြီးလို့ တပတ် ဆယ်ရက်လောက် အကြာမှာ ဒီကောင်နဲ့ ပြန်တွေ့တော့ ...
နှစ်ယောက်သား ဝမ်းသာ အားရ အလ္လာပ သလ္လာပ ပြောကြ ဆိုကြရင်း သူက ရင်ဖွင့် ပါတော့တယ် ။

" သူငယ်ချင်းရာ... ငါလေ ရှမ်းမလေး ကို ယူမိတာ ငါးပါးကို မှောက်တော့တာ ပါပဲကွာ "

" ဟာ ဘယ်လိုဖြစ်လို့လဲဟ "

" ဘာဖြစ်ရမှာလဲ ကွာ "

" ငါ ရှမ်းမကို ယူမိလိုက်မှ ခွေးလုံးလုံး ဖြစ်ရတော့တာ ပါပဲကွာ "

" ဟာ ဒါတော့ မဖြစ်နိုင်ပါဘူးကွာ.. အဓိပ္ပါယ်မှ မရှိတာ.. ပြောစမ်းပါဦး မင်း အဖြစ်ကို "

" အေးကွာ ... ငါ့မိန်းမ အမျိုးတွေ ပေါ့ကွာ တယောက်က လာပြီး ငါ့ကို " ပီခွေး " လို့ ခေါ်တယ်
ဒါနဲ့ တင် မပြီးသေးဘူး.. နောက်တယောက်က " နောင်ခွေး " တဲ့ကွာ
နောက်တယောက်က ကျပြန်တော့ " အာ့ခွေး " တဲ့ကွာ
ငါ့လခွမ်းတဲ့ မှပဲ ခွေး ချည်း ပဲ ခေါ်ခံနေရတော့တာပဲ
အဲ့ဒီထဲမှာ ငါ့မိန်းမရဲ့ အဖိုးက ခေါ်တဲ့ ခွေးဟာ အဆိုးဆုံး ပဲဟေ့ "

" ဘယ်လိုများ ခေါ်လို့လဲဟ "

" ..... " လမ်းခွေး " တဲ့ကွာ
အဲ့ဒီ လမ်းခွေး လို့ ခေါ်ခံရတိုင်း ငါ တော်တော် ဒေါသ ဖြစ်ရတယ် သူငယ်ချင်းရာ "

" တိန် "

( ပီခွေး  = အမ၏ ယောက်ျား
နောင်ခွေး = ညီမ၏ ယောက်ျား
နာခွေး = အမေ့ညီမ၏ ယောက်ျား
အာ့ခွေး = အဖေ့ညီမ၏ ယောက်ျား
လုတ်ခွေး = သမီး၏ ယောက်ျား
လမ်းခွေး = မြေးမ၏ ယောက်ျား )

ခွေး လို့ အခေါ်ခံနိုင်မှ ရှမ်းမကို ယူပါ .....

Credit

No comments

Powered by Blogger.