Header Ads

ဘယ်လောက်ပဲ ချစ်ချစ် အရမ်းကြီး မချစ်ပြပါနဲ့ ....


တကယ်တော့ နားမလည် ​နိုင်​တဲ့ ​မေတ္တာမျိုး​တွေ ဆိုတာ မရှိပါဘူး ။ သူ့က ကိုယ့်​မေတ္တာကို နားလည်မှု မ​ပေးတာမျိုးပါ ။ ကိုယ့် စကား​တွေကို နားမလည်​တာမျိုး မဟုတ်​ပါဘူး ။ မနာခံ ချင်​လို့ နားလည်မှု မ​ပေးတာ မျိုးပါ ။

သူက ကိုယ့်ရဲ့ တန်​ဖိုးကို မသိ နားမလည်​တာ မဟုတ်​ပါဘူး ။ တန်​ဖိုး သိရက်​နဲ့ တန်​ဖိုး မထားတာ မျိုးပါ ။ ကိုယ့်​ရဲ့ ​ပေးဆပ်​မှု​တွေကို ဥ​ပေက္ခာပြုခဲ့တယ်​ ဆိုတာကလည်း သူ့အတွက် ​အသုံးမဝင်တဲ့ ​ပေးဆပ်​မှု​တွေ ဖြစ်​​နေ လို့ပါ ။

ကိုယ့်ရဲ့ ချစ်​ခြင်းတရား ကို နားမလည်​ချင်​​ယောင်​ ​ဆောင်​နေသူအတွက်​ သင့်ဘက်​က မျက်​ရည် ​တစက် ​မကျမိ ​စေနဲ့ ။ အားသွန်​ခွန်​စိုက်​ ​ပေးဆပ်​လိုက်​ပါ ။ ဇွဲကြီးကြီးနဲ့ ​ပေးဆပ်​လိုက်​ပါ ။ နားမလည်​ချင်​သူ က​တော့ သင်​ကြိုးပမ်းသမျှ ဟာသ ​တွေ ပါပဲ ။

တန်​ဖိုးရှိတဲ့ အချိန်​​တွေမှာ တန်​ဖိုးမဲ့တဲ့ လုပ်​ရပ်​​တွေကို ကိုယ်​ကိုယ်တိုင်​ လုပ်​​နေ မိတယ် ​ဆိုတာ ကိုယ့်ကိုယ်​ကို ​နားလည်​လာ​အောင်​ နားလည်မှု မပေးတဲ့ သူဆီမှာ သင်​ယူခဲ့လိုက်​ပါ ။

သင် သူ့ကို အရမ်း ချစ်ပြလိုက်တဲ့ အခါ သင့်အချစ်ကို သူ မထီမဲ့မြင် လုပ်လာ တတ်တယ် ။

သင် သူ့ကို အရမ်း ချစ်ပြလိုက်တဲ့ အခါ သင့်အချစ်ကို သူ အထင်သေးလာ တတ်တယ် ။

သင် သူ့ကို အရမ်း ချစ်ပြလိုက်တဲ့ အခါ သင့်အပေါ်ကို သူ ခံစားမှုတွေ ပေးလာတတ်တယ် ။

သင် သူ့ကို အရမ်း ချစ်ပြလိုက်တဲ့ အခါ သင့်ကို သူ မျက်ရည်ကျအောင် လုပ်လာတတ်တယ် ။

သင် သူ့ကို အရမ်း ချစ်ပြလိုက်တဲ့ အခါ သင့်ကို သူ အချိန်မရွေး ထားသွားတတ်တယ်  ။

သင် သူ့ကို အရမ်း ချစ်ပြလိုက်လေလေ သင့်အတွက် ခံစားမှုတွေက အမြဲတမ်း နာကျင်ရ လေလေပါပဲ ။

တကယ်တော့ အချစ် ဆိုတာ ချစ်နေဖို့ ပါပဲ ။ ဒါပေမဲ့ အစွန်းရောက်အောင် ချစ်မပြ ပါနဲ့ ။ ရင်ထဲမှာ သူ့ကို ဘယ်လောက်ပဲ ချစ်ချစ် အကုန်လုံး ထုတ်ပြီး မချစ်ပြပါနဲ့  ။ အရမ်း ချစ်ပြလိုက်တဲ့အခါ သူသင့်ကို တနေ့ ရက်စက်တဲ့ အပြုအမူတွေ ပေးပါလိမ့်မယ် ။ ဘာလို့လဲ ဆိုရင် သင်က အစွန်းရောက်အောင် ချစ်ပြနေလို့ ပါပဲ ။

မှတ်ထားပါ ။ အဲ့ဒီလို သင် သူ့ကို အရမ်း ချစ်ပြလိုက်တဲ့ အခါ သူ့မှာ အတွေး တခု ဝင်သွား တတ်တယ် ။ အဲဒါက သူက သင့်ကို ဘာလုပ်လုပ် ရတယ် ဆိုတဲ့ အတွေးပဲ ။ သင်​ခန်းစာ​တွေ ​ကြေညက် ​သွားတဲ့ တ​နေ့ အကျိုးမဲ့ ပြုမူခြင်း​တွေကို ​ရှောင်​ကျဉ်ပါ ။

Kurneair Zion (Kz)

No comments

Powered by Blogger.