Header Ads

ချစ်သူကို စိတ်နာတယ် ဆိုတာ


အရမ်း ချစ်ဖူးတဲ့ သူတွေပဲ စိတ်နာတယ် ဆိုတာ ကို သိကြလိမ့်မယ် ။ အရမ်း ချစ်မိလို့သာ စိတ်နာ သွားကြ တာပါ ။

ကိုယ်က လုံးဝမှ မမျှော်လင့်ထားတဲ့ အရာတွေကို သူလုပ်သွားတဲ့ အခါ ကျရင် စိတ်နာ သွားတတ်ကြတယ် ။ စိတ်နာတယ် ဆိုတာကို မုန်းတယ် လို့လည်း ပြောလို့ မရဘူး ။ အဲ ... ချစ်နေသေး တာလည်း မဟုတ်ပါဘူး ။ နှလုံးသား ထဲမှာ သေရာပါတော့မယ့် နာကျင်စရာ ဒဏ်ရာတွေကို ရသွားတာပါ ။

ကိုယ် အရမ်း ချစ်ရတဲ့သူ တယောက်ကို စိတ်နာသွားတယ် ဆိုတာ ကလည်း တော်တော့်ကို ဝမ်းနည်းဖို့ ကောင်း ပါတယ် ။ ခံစားရလည်း ခက် ပါတယ် ။ ကိုယ့်အပေါ်မှာ သူ့ရဲ့ လုပ်ရပ်တွေကြောင့် စိတ်နာသွားတယ်။

တခါတလေ တော့လည်း သူနဲ့ ပတ်သတ်ဖူးတဲ့ အကြောင်းအရာ လေးတွေ ၊ နေရာလေးတွေ ၊ အမှတ်တရလေးတွေကို တိုက်ဆိုင်ရင်တော့ လွမ်းမိတယ် ၊ ဆွေးမိတယ် ။ ချစ်သေးလား လို့ မေးရင်တော့  မချစ်တော့ဘူး ၊ မုန်းသွားတာလား လို့ မေးရင် မုန်းလည်း မမုန်းဘူး ။

ဒါပေမဲ့ သူ့ဆီကို ပြန်သွားမလား လို့ မေးရင် မသွားဘူး လို့ပဲ ပြန်ဖြေရ လိမ့်မယ် ။ အဲ့ဒါတွေက စိတ်နာသွားတာ လို့ပဲ ပြောရပါ လိမ့်မယ် ။ စိတ်နာသွားတဲ့ သူက သူ့ချစ်သူဆီကို ဘယ်တော့မှ ပြန်မသွားကြဘူး ။ ဘာလို့လဲ ဆို သူ့ကို မြင်တိုင်း နာကျင် ခံစား ရတာကိုး ။

ဘယ်လောက်ကြီးပဲ ချစ်နေ ချစ်နေ စိတ်နာသွားရင်တော့ လုံးဝကို ပြန်လှည့် မကြည့်တတ်တော့ဘူး ။ တခါတလေ ချစ်နေပါရက်နဲ့ စိတ်နာနေရတဲ့ အဖြစ်မျိုးတွေလည်း ရှိတယ် ။ ချစ်နေရက်နဲ့ စိတ်နာနေရတဲ့ အဖြစ်မျိုးက ခံစားရ အခက်ဆုံး ပါပဲ ။

အဲ့ဒါကြောင့် လူတယောက်ကို စိတ်နာအောင် ဘယ်တော့မှ မလုပ်မိပါ စေနဲ့ ။

မူရင်းရေးသားသူ

No comments

Powered by Blogger.