Header Ads

လူတစ်ယောက် ရင့်ကျက်ဖို့


★ ★ ★ ★ ★ ★ ★ ★ ★

လုပ်ဘူးသလား? အရမ်း စိတ်မွန်းကျပ် လာတဲ့အခါ.. ကိုယ့်အနားမှာ ရှိတဲ့.... ချစ်ရ ခင်ရတဲ့ သူတွေကို... မရည်ရွယ်ပါဘဲနဲ့.... အော်ငေါက်မိ သွားတာမျိုး.....!

နေဘူးလား? အာရုံတွေ အရမ်းနောက်လာရင် ဘာသီချင်းမှ ဖွင့်မထားပေ့မယ့်လည်း နားကြပ်တပ်ပြီး ကိုယ်နဲ့ မဆိုင်သလို စကားဝိုင်း အပြင်ဘက် ရှောင်ထွက်နေတာမျိုး....!

ကြုံဘူးလား? ကံတရားရဲ့ မျက်နှာလိုက်မှုကြီးက မတရားသဖြင့် တစ်ဖက်သတ် ဆန်လွန်းတဲ့အခါ စကားလုံးမဖော်ပြနိုင်အောင် ဝမ်းနည်းစွာ နာကျင်ခံစားရတာမျိုး......!

ခံစားဘူးလား? ကိုယ့်ဘက်က ဘယ်လောက် ပေးဆပ်ပေးဆပ် သူဘက်က တန်ဖိုးထားရကောင်းမှန်း မသိလစ်လျှူ ရှုထားတဲ့ အဖြစ်ကို အောင့်သတ်သတ်နဲ့ ခွင့်လွှတ်ပေးရတာမျိုး...

ငိုကြွေးဘူးလား? ဘာကိုလွမ်းလို့ လွမ်းမှန်းမသိ ရင်ထဲဆို့ တတ်လာပြီး မျက်ဝန်းအိမ်က မျက်ရည် မရပ်တန့်ဘဲ သိမ့်ကာသိမ့်ကာ ဝမ်းနည်းပတ်လက် ငိုးကြွေးနေမိတာမျိုး...!

ခံရဘူးလား? လိုတမျိုး မလိုတမျိုးနဲ့ အရိုးကိုက်ရဖို့ အတွက်ဆိုရင် နောက်ကျောကို ဓါးနဲ့ထိုး သစ္စာမဲ့ပြဖို့လည်း ဝန်မလေးတဲ့ သာပေါင်းညာစားတွေရဲ့ အရူးလုပ် ခံရတာမျိုး...

သတိရဘူးလား? အမည်ဖော်မရတဲ့ ခံစားမှုမျိုး နဲ့ အရာရာတိုင်းဟာ လွမ်းစရာတွေချည်း ဖြစ်နေပီး တအုံနွေးနွေး ငေးမောစွာ တစ်စုံတရာကို ရူးရူးမိုက်မိုက် တမ်းတနေမိတာမျိုး.....!

စွန့်လွှတ်ဘူးလား? ကိုယ့်ဘက်က ဘယ်လောက်ပဲချစ်ချစ် သူဘက်က အလိုမရှိ ခါးခါးသီးသီး ဖြစ်နေရင် ပြတ်သားစွာ ကျောခိုင်းသွားဖို့ ဝန်မလေး တတ်တာမျိုး...!

ယုံကြည်ဘူးလား? တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ အကွက်ချပီး လိမ်ညာနေတာကို ဘုမသိ ဘမသိဘဲ ပြုံးပြုံးကြီး ခံနေရတာမျိုး...!

တောင်းပန်ဘူးလား? ကိုယ်ဘက်က မမှားလဲ ရင်နှီးတဲ့ ဆက်ဆံရေးတွေ အဆုံးရှုံး မခံနိုင်လို့ အရင်ဥိီးဆုံး အောက်ကျို့ပေး လိုက်တာမျိုး....!

ခွင့်လွှတ်ဘူးလား? ကိုယ့်အပေါ် ဘယ်လောက် အကျင့်ယုတ်ယုတ် သနားတတ်တဲ့ စိတ်ရင်းခံကြောင့် နေပါစေဆိုပြီး နားလည်ပေးလိုက်တာမျိုး...!

ဆဲဆိုတတ်ဖို့ ၊ ရိုင်းစိုင်းတတ်ဖို့၊ ယုတ်မာတတ်ဖို့အတွက် ဘာသင်တန်းကျောင်းမှ မလိုဘူး.. ဒါပေမယ့် ယဉ်ကျေး လိမ္မာဖို့အတွက် ဆုံးမစကားတွေ လိုတယ်.. ညဏ်ပညာ ကြွယ်ဝဖို့ လိုတယ်..

နားလည်ပေးနိုင်ဆုံး သူက အငြိမ်းချမ်းဆုံး.. သည်းခံပေးနိုင်ဆုံးသူက အအောင်မြင်ဆုံး.. ခွင့်လွှတ်ပေးနိုင်ဆုံးသူက စိတ်နှလုံး အအေးဆုံးပါ....

ဘာလုပ်မှာလဲ.. မျက်လုံး နှစ်လုံးစလုံး ရှိနေပါရက်နဲ့.. အကောင်းမြင်စိတ် လုံးဝ မရှိတဲ့ ဘဝမျိုး.. ဘာလုပ်မှာလဲ.. နားနှစ်ဖက်လုံး ကြားနိုင်ပါရက်နဲ့ ဆုံးမစကားတွေ လုံးဝ နားမဝင်တဲ့ အဖြစ်မျိုး..

" လူတစ်ယောက် ရင့်ကျတ်ဖို့ " အသက်အရွယ်နဲ့ မဆိုင်ပါဘူး.. အတွေ့အကြုံ အဖြစ်အပျက် သင်ခန်းစာတွေနဲ့ လုံလောက်တယ်.....

AungWana

No comments

Powered by Blogger.