Header Ads

ကျမ ယုံကြည်တဲ့ ဘဝဆိုတာ..


ကျမက ပိုက်ဆံ မချမ်းသာ ပါဘူး ။ ဒါပေမဲ့ ကြိုးစားတဲ့စိတ် အပြည်နဲ့ ကိုယ့်ဘဝကို ကျတဲ့ နေရာက ရဲရဲ ရင့်ရင့် ရင်ဆိုင်ရဲတဲ့ သူပါ ။ ကြိုးစားနေသ၍ ဘဝဆိုတာ တနေ့ မဟုတ် တနေ့ အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ ယုံကြည်ထားတယ် ။

ကျမက ရုပ်ရည် မလှပ ပါဘူး ။ ဒါပေမဲ့ ကံတရားက ပေးတဲ့ ကျမ ပုံစံကို အပြည့် လက်ခံနိုင် သူပါ ။ ရုပ်ရည် လှတာက မိန်ခလေး တယောက်ရဲ့ ရတနာ ဆိုရင် စိတ်ထားကောင်းခြင်းဆိုတာက မိန်းခလေး တယောက်ရဲ့ ရတနာသိုက် လို့ တကယ် ကျမ သတ်မှတ် ထားတယ် ။

ကျမက ပညာတွေ အရမ်းတော့ မတတ်ပါဘူး ။ ဒါပေမဲ့ ကျမသိတဲ့ ပညာ ကျမနားလည်တဲ့ အရာတိုင်း တတ်နိုင်သမျှ ပြန်ပေးဆပ်ဖို့ တွေးထားသူပါ ။ ရိုးရိုး ကျင့်ပြီး မြင့်မြင့် လှမ်းနိုင်အောင် မာနတွေ ခဝါချထား တတ်သူပါ ။

ကျမက အရမ်း တော်တဲ့သူတွေ ထဲ မပါဝင် ပါဘူး ။  ဒါပေမဲ့လည်း သူများထက် မညံ့အောင်တော့ အမြဲတမ်း ကြိုးစား နေသူပါ ။ ကျမထက် တော်တဲ့သူ တွေကို မြင်တိုင်း ကျမလည်း တနေ့ သူလို ဖြစ်ရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစားပြီး မနာလိုစိတ် ကင်းစွာနဲ့ ရပ်တည်နေသူပါ ။

ကျမက အရာရာ ပြည့်စုံနေတဲ့သူ တယောက်တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ကျမက ကိုယ့်ဘဝကို ကိုယ်တိုင် ရွေးချယ် ဖော်ဆောင်နေတဲ့ မိန်းမ တယောက် မို့ ဘဝကို မကျေနပ်နိုင်ရင် တောင်မှ ရောင်ရဲ နိုင်တဲ့စိတ် ရှိသူပါ ။

ဘဝ ဆိုတာ ရပ်တည် ရှင်သန် မှု မတူကြ ပေမဲ့ ငှက်တကောင်လို လွတ်လပ်စွာ ပျံသန်း နေရတဲ့ ဘဝထက် ကျမရဲ့ အနား လာသူကို အရိပ် ပေးနိုင်တဲ့ သစ်ပင်တပင်လို ဘဝမျိုးကိုပဲ ကျမ ရွေးချယ်ချင် သူပါ ။

မိုးရည်စက်များ

No comments

Powered by Blogger.