Header Ads

စစ်သား တယောက်ကို ချစ်မိတဲ့ အခါ


စစ်သားတယောက်ကို ချစ်မိလို့ ခေတ်ဆန်ဆန် အ၀တ်အစားလေး တွေထက် ၊ မြန်မာ ဆန်ဆန်လေးတွေကို ပိုပြီး ၀တ်တတ်လာတယ် ။ င့ါကြောင့် နင် ဂုဏ်ရှိအောင်ပေါ့ ။

စစ်သားတယောက်ကို ချစ်မိလို့ ဆံပင် ဒီဇိုင်း ကာလာစုံ အဖြောင့် အကောက် တွေထက် ၊ ဆံပင် ဆံထုံး ထုံးနည်းလေး ကိုပဲ သင်နေ မိတယ် ။ င့ါကြောင့် နင် လူ အမြင်မှာ တင့်တယ်အောင်ပေါ့ ။

စစ်သားတယောက်ကို ချစ်မိလို့ င့ါသူငယ်ချင်းတွေ နဲ့ အတူ လျှောက်လည်ရမဲ့ အချိန်တွေကို ဘုရား ၊ တရား ကောင်းမှု ကုသိုလ်တွေ လုပ်ရင်း ဖြတ်သန်းလာ မိတယ် ။ ငါ့ရဲ့ ဆုတောင်းလေး တွေကြောင့် နင် အန္တရာယ်ကင်းအောင်ပေါ့ ။

စစ်သားတယောက်ကို ချစ်မိလို့ င့ါရဲ့ ကလေး ဆန်ဆန် အပြုအမူ အပြောအဆို တွေကို ပြင်ပြီး တည်ငြိမ် ရင့်ကျက်အောင် ဘယ်လို နေထိုင်ရမယ် ဆိုတာကို အချိန် ရှိသရွေ့ င့ါမိဘတွေ ဆီက သင်ယူနေ မိတယ် ။ င့ါ အပြောအဆိုကြောင့် နင် လူကြားထဲ မျက်နှာ မငယ်ရ အောင်ပေါ့ ။

စစ်သား တယောက်ရဲ့ ဇနီး လုပ်ဖို့ အတွက် ငါ့မှာ လိုအပ်ချက်တွေ ရှိနေပါ သေးတယ် ။ နင်နဲ့အတူ ပေါင်းဖက်ရမဲ့ နေ့လေးကို စောင့်ရင်း ကိုယ့်ကိုယ့်ကို ပြုပြင်နေထိုင် နေ မှာပါ ။

Thiri

No comments

Powered by Blogger.