စပျစ်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ
စပျစ်သီးရဲ့ အခွံအောက်မှာ ရှိနေတဲ့ ရောင်ခြယ်ဆဲလ် အပေါ် မူတည်ပြီး အနီရောင် ၊ အစိမ်းရောင် ၊ အနက်ရောင် စသဖြင့် စပျစ်သီး အရောင်တွေ ကွဲလွဲနိုင် ပါတယ် ။ စပျစ်သီးမှာ စွမ်းအင် ၊ ကာဘိုဟိုက်ဒြိတ် ၊ အမျှင်ဓာတ် ၊ ပရိုတင်းဓာတ် ၊ အဆီဓာတ် ၊ ဗီတာမင်စီ ၊ ဗီတာမင်အီး ၊ နိုင်ယာစင် ၊ ဗီတာမင်ဘီစစ် ၊ ဗီတာမင်ဘီတူး ၊ ဗီတာမင်ဘီဝမ်း ၊ ဗီတာမင်အေ ၊ ပန်သိုသီးနစ်အက်ဆစ် ၊ ဗီတာမင်ကေ ၊ ဖောလိတ် ၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ် ၊ ဆိုဒီယမ် ၊ သံဓာတ် ၊ ကြေးနီဓာတ် ၊ မဂ္ဂနိစ် ၊ သွပ်ဓာတ်နဲ့ ကယ်ရိုတီးနွိုက်တွေ ပါဝင်ပါတယ် ။ ထို့ကြောင့် စပျစ်သီးကို စားသုံးခြင်း အားဖြင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ် ။
1) စိတ်ဖိစီးမှုမှ ကင်းဝေးစေခြင်း
စပျစ်သီးမှာ ပါတဲ့ ဗီတာမင်စီက စိတ်ဖိစီးခြင်းကနေ ကင်းဝေးစေနိုင် ပါတယ်။
2) ကိုယ်အလေးချိန် ကျစေခြင်း
စပျစ်သီး ပုံမှန်စားရင် သွေးပေါင်ချိန်နဲ့ သွေးတွင်းအဆီဓာတ်ကို ထိန်းညှိကာ အဝလွန်ခြင်းမှ ကာကွယ်ပေးပါတယ်။စပျစ်သီးဖျော်ရည်ဟာ သံဓာတ်ကို ဖြည့်တင်းပေးတာကြောင့် ညောင်းညာခြင်းကို သက်သာစေပါတယ်။
3) အရေပြားကို လှပစေခြင်း
စပျစ်သီးမှာ ပါတဲ့ ဗီတာမင်စီက နေရောင်ကြောင့် အရေပြား ပျက်စီးတာကို ကာကွယ်ပေး ပါတယ် ။ ဗီတာမင်အေက အရေပြား ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။
4) နှလုံးရောဂါနှင့် သွေးကြောရောဂါ များမှ ကာကွယ်ပေးခြင်း
စပျစ်မှာ ပါဝင်တဲ့ ရက်စ်ဗာရာထရောတွေ ကြောင့် နှလုံးသွေးကြောတွေ ကောင်းမွန်ကာ သွေးကြော ပျက်စီးတာ ၊ သွေးကြောပိတ်ဆို့တာတွေ ကနေ ကာကွယ်ပေးပြီး နှလုံးရောဂါမှ ကင်းဝေးစေပါတယ် ။ စပျစ်သီးဟာ ပုံမှန်စားရင် သွေးကြော မပိတ်အောင် ကာကွယ်ပေးပြီး ရုတ်တရက် နှလုံးရောဂါ ထဖောက်ခြင်းတို့မှ ကာကွယ်ပေးနိုင် ပါတယ် ။
5) ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း
စပျစ်သီးကို ပုံမှန် စားသုံးခြင်းအားဖြင့် သွေးကင်ဆာ ၊ သွေးဖြူဥကင်ဆာ ၊ ရင်သားကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ ၊ အစာအိမ်ကင်ဆာ ၊ အူမကြီးကင်ဆာ ၊ မုန့်ချိုအိတ်ကင်ဆာ ၊ သားဥအိမ်ကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ ၊ ဦးနှောက်နှင့် လည်ပင်ကင်ဆာ တို့ကို ဟန့်တားပေးပြီး ရောဂါဖြစ်နေတဲ့ လူတွေမှာလည်း ကျန်းမာရေး တိုးတက် ကောင်းမွန်စေဖို့ ဖြည့်စွက်စာ အနေနဲ့ ကျွေးနိုင်ပါတယ်။
6) အိုမင်း ရင့်ရော်တာကို ကာကွယ်ခြင်း
စပျစ်ခွံမှာ ပါဝင်တဲ့ ပေါ်လီဖီနော အုပ်စုတွေ ဖြစ်တဲ့ ရက်စ်ဗာရာထရော (Resveratrol ) နဲ့ ပရိုအင်သို ဆိုင်ရာနီဒင် (Proanthocyanidin) တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေမို့ ခန္ဓာကိုယ်ကို ရောဂါဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို တွန်းလှန်နိုင်ပါတယ် ။ ဦးနှောက် ကျန်းမာရေးကို ကောင်းစေပြီး အရွယ်မတိုင်ခင် အမေ့လွန်ခြင်း ဖြစ်ပွားမှုကို လျော့ကျပေး ပါတယ် ။
7) လေဖြတ်ခြင်းမှ ကာကွယ်ခြင်း
American Heart Association ရဲ့ပြောကြားချက်အရ စပျစ်သီးစားရင် အမျိုးသမီးတွေမှာ လေဖြတ်နိုင်ချေ 19 % လျော့ချတယ်လို့ ဆိုပါတယ်။
8) ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း
စပျစ်သီးဟာ အစာချေဖျက်မှုကို အားပေးတာကြောင့် အစာအိမ်အချဉ်ပေါက်ခြင်းကို မဖြစ်ပွားစေပါဘူး။ စပျစ်သီးမှာပါတဲ့ ရေနဲ့ အမျှင်ဓာတ်တွေက ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။စပျစ်သီးဟာ ၀မ်းမှန်မှန် သွားစေပြီး အူနဲ့ အစာအိမ်ကို ကျန်းမာစေပါတယ်။
9) ပန်းနာရင်ကြပ်တာကို သက်သာစေခြင်း
စပျစ်သီးမှာပါတဲ့ ဗီတာမင်စီနဲ့ အာဟာရဓာတ်တွေက ရင်ကြပ်ရောဂါ ထကြွတာကနေ ကာကွယ်ပေးနိုင်ပါတယ်။စပျစ်သီးဟာ ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပြီး အဆုတ်အား ကောင်းစေပါတယ်။
10) ဆီးကျောက်တည်ခြင်းမှ ကာကွယ်ခြင်း
စပျစ်သီးပုံမှန်စားရင် ဆီးမှာ ရေအိတ်တည်တာ၊ကျောက်တည်တာတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။စပျစ်သီးဟာ ယူရစ်အက်ဆစ်များခြင်းကို လျော့ကျစေပြီး ကျောက်ကပ်ရောဂါကို သက်သာစေပါတယ်။
11) သွားဖုံးရောဂါ ၊ ရေစီးကမ်းပြို ရောဂါမှ ကာကွယ်ပေးခြင်း
တနေ့ စပျစ်သီး နှစ်လုံးစားရုံနဲ့ သွားဖုံးရောဂါ ၊ ရေစီးကမ်းပြိုရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင် ပါတယ်။
12) မျက်စိအတွင်း တိမ်ရောဂါမှ ကာကွယ်ပေးခြင်း
စပျစ်သီး စားရင် မျက်စိ ကျန်းမာရေး အတွက်လည်း အထောက်အကူပြုပြီး ရေတိမ် မဖြစ်အောင် ကာကွယ်ပေး ပါတယ်။
13) အဆစ်ရောင်နာ ရောဂါကို သက်သာစေခြင်း
အဆစ်တွေ ရောင်ရမ်းပြီး နာကျင်ခြင်းကို သက်သာစေနိုင်တဲ့ အပြင် ညောင်းညာမှုတွေ ကိုလည်း စပျစ်သီးက တွန်းလှန်နိုင်ပါတယ် ။ စပျစ်သီးမှာပါတဲ့ အန်သိုဆိုင်ရာနစ်ဟာ ရောင်ရမ်းမှုကို လျော့ကျစေပြီး စပျစ်သီးဖျော်ရည်က ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပမာဏကို ဖြည့်တင်းပေးတာကြောင့် အဆစ်အမြစ်တွေကို ပျော့ပြောင်းစေပြီး ပင်ပန်းညောင်းညာမှု တွေကို ကာကွယ်ပေးနိုင် ပါတယ် ။
အထက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့် စပျစ်သီးကို မကြာခဏ စားသုံးသင့် ပါတယ်။
HanSai ( MC Mdy )

Post a Comment