ဘရာဇီးအသင်းနဲ့ (16) သင်း အဆင့်မှာ တွေ့ဆုံရမယ့် မက္ကဆီကို
အုပ်စု E နဲ့ အုပ်စု F တို့ရဲ့ နောက်ဆုံးပွဲစဉ်တွေ ကစားလို့ အပြီးမှာတော့ အုပ်စု E မှာ ဘရာဇီးလ်က အုပ်စုပထမဖြစ်ခဲ့ပီး ဆွစ်ဇာလန်က အုပ်စု ဒုတိယဖြစ်ခဲ့ပါတယ်။ အုပ်စု F မှာတော့ ဆွီဒင်အသင်းက အုပ်စု ပထမဖြစ်ခဲ့ပြီး မက္ကဆီကိုက အုပ်စု ဒုတိယ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ရလဒ်ကြောင့် မက္ကဆီကိုနဲ့ ဘရာဇီးလ်တို့ တွေ့ဆုံကြတော့မှာ ဖြစ်ပြီး ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့လည်း တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။
မက္ကဆီကိုဟာ ၂၀၁၄ ချန်ပီယံ ဂျာမနီကို အနိုင်ယူခဲ့တဲ့ အသင်းဖြစ်ပေမယ့် နောက်ဆုံးပွဲဖြစ်တဲ့ ဆွီဒင်အသင်းနဲ့ ပွဲမှာတော့ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ပါတယ်။ ဆွီဒင်ကို ၃ ဂိုးပြတ် ရှုံးနေတဲ့ အချိန်မှာ တဖက်က ဂျာမနီအသင်းက တောင်ကိုရီးယားကို အနိုင်ရခဲ့ရင် ဂျာမနီအသင်း တက်ရောက်မှာ ဖြစ်ပေမယ့် ဂျာမနီကတော့ အခွင့်အရေး မယူနိုင်ပဲ တောင်ကိုရီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါ့ကြောင့် မက္ကဆီကိုဟာ အုပ်စု ဒုတိယနဲ့ ၁၆သင်း အဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းကတော့ ပေါ်လင်ဟိုနဲ့ သီယာဂိုဆေးလ်တို့ရဲ့ ဂိုးတွေနဲ့ ဆားဘီးယားအသင်းကို အနိုင်ရခဲ့ပြီး အုပ်စုပထမအဖြစ် တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်အသင်းဟာ ဂျာမနီအသင်းကို ရှုံးခဲ့ပေမယ့် မက္ကဆီကိုကို ဂိုးပြတ် အနိုင်ယူခဲ့ပြီး မထင်မှတ်ပဲ အုပ်စုဗိုလ်အဖြစ် တက်လာခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ကတော့ ကော်စတာရီကာကို သရေကျပြီး တစ်မှတ်ပဲ ရခဲ့ပေမယ့် တစ်ဖက်မှာ ဆားဘီးယားက ဘရာဇီးလ်ကို အနိုင်မယူနိုင်ခဲ့တဲ့အတွက် အုပ်စု ဒုတိယအဖြစ်တက်လာခဲ့တာ ဖြစ်ပါတယ်။
နာမည်ကြီး အသင်းတွေကို အနိုင်ယူတတ်တဲ့ ဆွီဒင်အသင်းနဲ့ ရှာကီရီ၊ ချာကာတို့ ပါဝင်နေတဲ့ ဆွစ်ဇာလန်အသင်း တို့ဟာ ၁၆ အသင်း အဆင့်မှာ တွေ့ဆုံခဲ့ကြပြီ ဖြစ်ပါတယ်။
photo from internet




Post a Comment