ကိုယ့်ကိုကိုယ် ဘယ်လို ချစ်သင့်သလဲ..
ကိုယ့်ကိုကိုယ် ဘယ်လို ချစ်သင့်လဲ၊ ကိုယ့်ကိုကိုယ် ဘယ်လို တက်အောင် ပြုပြင်ရမလဲ၊ တစ်ယောက်တည်းဘယ်လို ရပ်တည်မလဲ ဆိုတာ သိချင်ကြမယ် ထင်ပါတယ်..
1) ကိုယ့်ကိုကိုယ် ယုံကြည်ပါ။
2) ဘယ်သူကိုမှ အကူအညီ မတောင်းပါနဲ့။
3) ကိုယ်လုပ်နိုင်တယ် လုပ်နိုင်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ကို မြဲမြဲ ကိုင်ထားပါ။ ဘယ်လောက်ပဲ ပင်ပန်းလာလာ မလွှတ်ချ လိုက်နဲ့။
4) ဘယ်နေရာ ရောက်ရောက် ကိုယ့်အားကို ကိုးပါ။
5) အပေးအယူ စိတ်နဲ့ ဘယ်သူ့ကိုမှ မကူညီနဲ့။ အဲလို စိတ်ထားပြီး လုပ်တာ ကူညီတာ မဟုတ်ဘူး။ လောင်းကစား လုပ်နေတာ။
6) အရူးတွေနဲ့ ပြိုင်ပီး မငြင်းပါနဲ့။
7) အနားမှာ မနေချင်တဲ့သူ အချိန်ကုန်ခံ မတွေ့ချင်တဲ့သူကို အတင်း မခေါ်ထားနဲ့။
8) အမုန်းစိတ်၊ မနာလိုစိတ် မထားနဲ့။ ကိုယ့် mind energy ကို သူများအတွက် အချိန်ကုန် မခံနဲ့။
9) ဘယ်သူ ဘယ်ဝါ အတင်းမှ မတုတ်ပါနဲ့။ ကိုယ့်အရှေ့မှာ ဖြစ်ပျက်နေရင်တောင် ကိုယ့်ပါးစပ် အပုတ်ခံပြီး သူများကို မကဲ့ရဲ့ပါနဲ့။
10) ဘေးနားလာပြီး အတင်းထိုင် တုတ်ရင်တောင် " အော်... ဟုတ်လား" ဆိုပြီးသာ ရူးချင်ယောင် ဆောင်ပေးလိုက်။
11) ရံဖန်ရံခါ မနီးမဝေး ခရီးတို တစ်ခု ထွက်ကြည့်ပါ။ တစ်ညအိပ် ခရီးပဲဖြစ်ဖြစ် နေ့ချင်းပြန် ခရီးပဲဖြစ်ဖြစ် ထွက်ကြည့်ပါ။ ဒါမှ တစ်ယောက်တည်း ရပ်တည်တဲ့အခါ ဘယ်လို ရပ်တည်ရမလဲ ဆိုတာကို သိလိမ့်မယ်။
12) ၁၉နှစ် ပြည့်ပြီးပြီ ဆိုရင် အလုပ်တစ်ခု ဝင်လုပ်နိုင်အောင် ကြိုးစားပါ။ မပြည့်သေးလို အလုပ်ဝင် လုပ်ချင်လဲ ရတယ်။ လုပ်ငန်းခွင် တစ်ခု ဝင်လုပ်ခွင့်ရရင်လဲ အားလုံးကိုကြည့်ပြီး အကောင်းအဆိုး ခွဲခြားတတ်အောင် ကြိုးစားပါ။ ခွဲခြားတတ်လာတဲ့ အကောင်းအဆိုး ကိုလည်း စိတ်ထဲမှာ မှတ်ထားပါ။ ဘယ်တော့မှ မမေ့ပစ်နဲ့။ အမှားလုပ်မိလို့ ဝန်ခံရမှာလည်း မကြောက်နဲ့။ အလုပ်က ဘဝအကြောင်း သိအောင် လူတွေနဲ့ ဘယ်လို စကားပြောတတ်ရမယ် ဆိုတာတွေ သင်ပေးတယ်။
13) အပြစ်လုပ်လို့ အပြစ်ပေးခံရမှာလည်း မကြောက်နဲ့။ ဘယ်အရာမှ ကြာကြာ တည်ရှိမနေဘူး။
14) ပညာ အမြဲယူပါ။ သူ့လိုမျိုး အကဲ့ရဲ့ မခံရအောင် ငါဘယ်လို ဆင်ခြင်မယ် ဆိုတာမျိုး အမြဲ မှတ်သားနေပါ။
15) ကိုယ်ထင်တာ အရင်မပြောခင် သူများပြောတာ အရင် နားထောင်ပါ။ ဘယ်အရာ အတွက်မှ အဆင့်မရှိတာ မလုပ်နဲ့။
16) သူများဆိုးတိုင်း ကိုယ်ဆိုးပြစရာ မလိုသလို သူများ ကောင်းပြတိုင်းလည်း ကိုယ်က ပြန်ကောင်းပြစရာ မလိုဘူး။ သူများလုပ်တာ ကိုယ်ပြန် လုပ်ပြစရာ မလိုဘူး။
17) စာများများဖတ်ပါ။
18) ဘုရားတရား မြဲအောင် နေပါ။
19) ရုပ်ရှင်ကားတွေ ဝယ်ကြည့်ပါ။
20) ကြောင် (သို့) ခွေး အိမ်မွေး တိရစ္ဆာန်မွေးပါ။ အခုနောက်ပိုင်း ကြောင် café တို့ Dog café တို့ ဖွင့်လာပြီဆိုတော့ ခွေး၊ ကြောင် ချစ်တတ်ရင် ဘယ်သူလိုက်လိုက် မလိုက်လိုက်၊ တယောက်ထဲ ဖြစ်နေလည်း သွားပြီး အနားယူပါ။
21) သီချင်းတွေ အသစ်ထွက်တိုင်း download လုပ်ပါ။ မြူးတဲ့ သီချင်းတွေ အပြင် စိတ်ကို relax ဖြစ်စေတဲ့ classic/ acoustic (soft music) တွေ နားထောင်ပေးပါ။
22) သင်တန်းတွေ တက်ပါ။
23) မအားအောင် အမြဲ နေပါ။ ရုံးအလုပ် မရှိရင် ကျောင်းစာပြန်ဖတ်၊ ကျောင်းစာ မဖတ်ချင်ရင် အိမ်အလုပ်လုပ်။
24) အလုပ်လုပ်စရာ မရှိတဲ့အခါ တစ်ယောက်တည်း လျှောက်သွားကြည့်ပါ။
25) Library မှာ အေးအေးဆေးဆေး ဇိမ်နဲ့ စာဖတ်ပါ။ စိတ်ငြိမ်းချမ်းအောင် ထားပါ။
26) Gym ဆော့ပါ။ Yoga လည်း ကောင်းတယ်။ အကသင်လည်း ရတယ်။
27) အစားကို ကျန်းမာရေးနဲ့ အညီ ဝဝစားပြီး အချိန်မှန်မှန်နဲ့ အိပ်ရေး ဝဝအိပ်ပါ။
28) ဘယ်လောက် စိတ်ညစ်စရာ ရှိရှိ သူများနဲ့ မတိုင်ပင်နဲ့။ တစ်ယောက်ထဲ အရင် အခန်းထဲမှာ ဝုန်းဒိုင်းကြဲပလိုက်။ အကျယ်ကြီး အော်ငိုတာဖြစ်ဖြစ်။ စိတ်ထဲမှာ ပေါ့သွားပြီလို့ ခံစားရပြီ ဆိုရင် ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်။ မပေါ့သေးဘူး တိုင်ပင်မှကို ဖြစ်မယ်လို့ စဉ်းစားရင် အဲဒီအတွေးကို ဖျက်လိုက်။ ဒီခေတ်မှာ ဘယ်သူမှ မယုံရဘူး။ နောက်တစ်ခုက ဘယ်သူမှ အဲလောက် မအားဘူး။ အားအားယားယား နားထောင်ပေးမယ့်သူ ရှိနေရင်တော့ သတိထား!! သူကို့ယ်ကို တချိန်ကျ နောက်ကျောဓား ထိုးနိုင်တယ်။ အားနာလို့ နားထောင် ပေးတာလဲ ဖြစ်နိုင်တယ်။
29) ကိုယ်တစ်ယောက်တည်း ရပ်တည်ရမှာ ဖြစ်တဲ့အတွက် ပိုက်ဆံကို လိုတာထက် မသုံးပါနဲ့။ မလိုတာတွေအတွက် ရှိတဲ့ ပိုက်ဆံကို မဖြုန်းပစ်ပါနဲ့။
30) အမြဲ လှလှပပ နေပေးပါ။ လမ်းကြုံရင် ကြုံသလို တစ်ယောက်ယောက်ကို ဓာတ်ပုံ ရိုက်ပေးဖို့ အကူအညီ တောင်းကြည့်ပါ။ ပြီးရင် အဲဓာတ်ပုံကို ကြည့်ပြီး ကိုယ် ဘယ်နေရာမှာ ဘာလိုလဲ အမြဲ သုံးသပ်ပါ။
ဒါမှကိုယ့်မှာ ဘယ်နေရာ ဘာလိုအပ်ချက်တွေ ရှိလဲ ဆိုတာ သိနိုင်မယ်။ လိုအပ်ချက်တွေ သိမှ ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲလို့ ရမယ်။ မသိမချင်း ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။
Redrose ကိုယ်တိုင် ကြုံတွေ့ပီး ကျင့်ကြံနေထိုင်နေတဲ့ နည်းလမ်းလေးတွေ အသုံးတည့်မယ် လို့ မျှော်လင့်ပါတယ်နော်။
share ပေးပါအုံး...
Credit

Post a Comment