Header Ads

သိပ်ချစ်တတ်တဲ့ မိန်းမတယောက်က နာကျင်လာရင် နှစ်ဆပြတ်သားတတ်တယ်..


မိန်းမတိုင်းဟာ သူချစ်တဲ့ ယောင်္ကျား တယောက် အတွက် တန်ဖိုးရှိတဲ့ မိန်းမ တစ်ယောက်ပဲ ဖြစ်ချင်ကြပါတယ်..

မိန်းမ တစ်ယောက်အတွက် ကိုယ်ချစ်တဲ့ သူဆီက ဂရုစိုက်မှု ကြင်နာမှု ဆိုတာ တန်ဖိုး မဖြတ်နိုင်တဲ့ ကံကောင်းခြင်းတစ်ခုပါ..

သင်သာ ယောက်ျားကောင်း တစ်ယောက်ဆိုရင် ကိုယ်ကိုချစ်တဲ့ မိန်းမ တစ်ယောက်ကို ခဏခဏ နာကျင်အောင် မလုပ်ပါနဲ့..

အနိုင်ရလို့ အနိုင်ယူတယ်.. ချော့လိုက်ရင် ပြန်ပြေပါတယ်ကွာ လို့ အလွယ်တွေးပြီး ဒဏ်ရာတွေ ပေးနေသလား..

ဟုတ်ပါတယ်.. မိန်းမ အများစုက ချော့လိုက်ရင် ပြန်ပြေ သွားတတ်ကြတယ်..

ဒါပေမယ့်..  သူစိတ်ထဲမှာ ဒဏ်ရာတွေတော့ ကျန်ခဲ့မှာပဲ.. နာကျင်မှုတွေ များလာတဲ့အခါ နာကျဉ်းချက်တွေ ဖြစ်လာတတ်တယ်..

သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက် နာကျင်မှု များလာရင်လည်း သူများတွေထက် နှစ်ဆ ပိုပြတ်သားတတ်ပါတယ်..

အကြိမ်ရေ များလာတာနဲ့အမျှ နာကျင်မှုတွေ ပိုတိုးလာရင် လျစ်လျူရှူမှုတွေ ပိုများလာရင် သည်းခံမှုတွေ အတိုင်းထက် လွန်လာရင် နာကျင်မှု မျက်ရည်တွေ အစား မိန်းမတစ်ယောက်ရဲ့ မာနက မြွေဟောက် တစ်ကောင်လို့ ပါးပြင်းထောင်လာလိမ့်မယ်..

မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးကို ကာယကံရှင် မိန်းမကိုယ်တိုင်ပဲ သတ်မှတ် ပေးနိုင်တာမို့ မာနလေးတော့ ချန်ထားခဲ့မယ် ဆိုတာ... သင် မမေ့ပါနဲ့

credit - ကြယ်လင်းခန့်

No comments

Powered by Blogger.