အဆဲခံဖို့ ကံပါလာတယ်လို့ပဲ သတ်မှတ်ပါတယ် ဆိုတဲ့ ဥက္ကာမင်းမောင် (ရုပ်သံ)
မကြာခင်ကမှ ဖေ့ဘုတ်မှာ live လွှင့်ပီး ဂေးဖြစ်ကြောင်း ၀န်ခံခဲ့တဲ့ ဥက္ကာမင်းမောင်ဟာ ယနေ့ ၂၈ ရက် ညနေခင်းမှာလည်း video ဖိုင်တစ်ခု တင်ပေးခဲ့ပါတယ်..
ကျနော့်ဘက်က ရပ်တည်ပေးကြတဲ့ ကျနော့်ကို အားပေးကြတဲ့ သူတွေကို ကျေးဇူး အများကြီး တင်ပါတယ်.. ကျနော့်ဘက်က ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင် ညီအကို မောင်နှမတွေ ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်..
ဆဲဆိုနေကြ သူတွေကို ကျနော့်ဘက်က ကာကွယ်ပေးနေတဲ့ သူတွေကိုလည်း ရန်တွေ မဖြစ်ပါနဲ့တော့.. ကျနော့်ကြောင့် အမုန်း မပွားစေချင်ဘူး.. လူတိုင်း လွတ်လပ်စွာ ရေးပိုင်ခွင့် ရှိပါတယ်.. ကျနော် အဆဲခံဖို့ ကံပါလာတယ် လို့ပဲ ကျနော် သတ်မှတ်ပါတယ် " ဆိုပီး ပြောသွားခဲ့ပါတယ်..
ဂေးဖြစ်ကြောင်း ထုတ်ဖော် ပြောဖို့လည်း တော်တော်လေး သတ္တိမွေးခဲ့ရတယ် လို့ ဆိုပါတယ်။ ရုပ်သံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်...
from okkar min maung
loveshortnotes





Post a Comment