Header Ads

ငါ့မျက်ရည်က နင်နဲ့ မတန်ဘူး...


တန်ဖိုး ရှိတဲ့ ယောင်္ကျားဟာ တန်ဖိုး ရှိတဲ့ မိန်းမ နဲ့ပဲ နေတယ် ။

တန်ဖိုး ရှိတဲ့ မိန်းမ ဟာလည်း တန်ဖိုးရှိတဲ့ ယောက်ျားနဲ့ပဲ နေတယ် ။

ဘာအတွက်ကြောင့် ကိုယ်ကို ထားသွားတဲ့ လူကြောင့် မျက်ရည် မျက်ခွက် ဖြစ်ပြီး စိတ်ဓာတ် ကျနေမှာလဲ ။

ဘာကြောင့် မချစ်တော့တာလဲ ဘာကြောင့် အသဲခွဲခဲ့ တာလဲ ... Why ဆိုတဲ့ စကားလုံးတွေ နဲ့ ထပ်ခါတလဲလဲ မေးမနေနဲ့တော့ ။

ကိုယ်ဘဝ တိုးတက်ဖို့ အတွက် အချိန်တွေ နှောင့်နှေးခံမလို့လား ။

ရွှေက ရွှေချင်းပဲ ထပ်တယ် ၊ ရွံက ဗွက်ထဲမှာပဲ နေတယ် ။

ဘာ့အတွက်ကြောင့် ကိုယ်ခြေထောက်ကို အပေခံနေတော့မှာလဲ ။

ကိုယ်တန်ဖိုး မသိလို့ ၊ ကိုယ့် အရှိန်အဝါကို မခံနိုင်လို့ လစ်သွားတာပဲ မှတ်လိုက်ပါ ။

ဘာမှ စိတ်ဓာတ်ကျနေစရာ မလိုဘူး ။

ရိုးရိုးလေးပါပဲ တန်ဖိုးချင်း မတူလို့ ထပ်မရတာ ။

ကိုယ်ကိုယ်ကို တန်ဖိုးရှိတယ် ဆိုတာ သိဖို့ပဲ လိုတယ် ။

နောင်တချိန် ပြန်ဆုံခဲ့လို့ သူက " ငါထားသွား တုန်းက နင် မငိုခဲ့ဘူးနော် " လို့ မေးခဲ့ရင် ဂုဏ်ယူပြီးသာ ဖြေလိုက် ။

ငါ့ မျက်ရည်ဟာ နင်နဲ့ မတန်ဘူး လို့  .... ။

KyatLynnKhatt

No comments

Powered by Blogger.