မိန်းခလေးများ နားလည်နိုင်ပါစေ ....
မိန်းခလေး တယောက်က ပညာတတ်ဖို့ ၊ ဗဟုသုတ ကြွယ်ဝဖို့ကို ယောကျာ်းလေးတွေထက် ပိုပြီး လိုအပ်ပါတယ် ။ ယနေ့ခေတ် မိန်းခလေး တော်တော် များများဟာ အရည်အချင်း ရှိဖို့ထက် အပေါ်ယံ အလှအပ ကိုဘဲ ဦးစားပေးတာ များနေတာကို အများအားဖြင့် တွေ့နေရတယ် ။
အရည်အချင်း ရှိတဲ့ မိန်းမတယောက် လှတာနဲ့ အရည်အချင်း မရှိတဲ့ မိန်းမတယောက် လှတာဟာ အလှချင်းတူနိုင်ပေမယ့် တန်ဖိုးထား ခံရမှုချင်းတော့ ကွာပါလိမ့်မယ် ။ မိန်းမတွေရဲ့ အလှအပဟာ မထိန်းသိမ်း တတ်ရင် ကြီးမားတဲ့ အသက်အန္တရာယ် ကိုတောင် ယူဆောင်လာတတ် ပါတယ် ။
အထူးသဖြင့် ယနေ့ခေတ် မိန်းခလေးတွေဟာ အသိပညာ ဗဟုသုတ ကြွယ်ဝဖို့ အလွန် လို အပ်ပါတယ် ။ ဆူးပေါ် ဖက်ကျလည်း ဖက်ပေါက် ၊ ဖက်ပေါ် ဆူးကျလည်း ဖက်ပေါက် တဲ့ အတွက်ကြောင့် မိန်းခလေးတွေဟာ အသိပညာနဲ့ပဲ ကိုယ့်ဘဝအတွက် လက်တွဲဖော် ခင်ပွန်းကောင်းကို မှန်ကန်စွာ ရွေးခြယ် ဆုံးဖြတ်နိုင်မှာပါ ။
ထက်မြက်တဲ့ ယောကျာ်းကောင်းတွေ ဟာလည်း ဘဝအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် အရည်အချင်း ရှိတဲ့ မိန်းခလေးကိုဘဲ ချစ်ဇနီး အဖြစ် ရွေးချယ်ချင်မယ် ထင်ပါတယ် ။ ဒါကြောင့် မိန်းခလေးတွေ အနေနဲ့ အလှအပ ဘက်ကို တော်ရုံ သင့် ရုံပဲ ဦးစားပေးတာ ကောင်းပါတယ် ။
ဆိုလိုချင်တာကတော့ မိန်းခလေးတွေ အလှမပြင်ရဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး ။ မိန်းခလေးတွေ အလှ ပြင်သင့် ပါတယ် ။ အလှပြင်ရပါမယ် ကျမလည်း မိန်းမ တယောက် ဖြစ်တဲ့ အတွက် အလှပြင်တာပါဘဲ ။
ဒါပေမဲ့ အလှအပထက် ကိုယ့်ဘဝအတွက် တကယ် အားကိုးရမယ့် ပညာ အရည်အချင်းကို ပိုဦးစားပေးချင်တာပါ ။ အလှအပ ဆိုတာ ဟာ ငယ်ရွယ်စဉ် အခါ မှာဘဲ နုပျို လှပနေမှာပါ ။ အသက်အရွယ် ကြီးရင့် လာတဲ့အခါမှာ အဲ့ အလှအပ ဆိုတာဟာ ယိုယွင်း ပျက်စီးသွားမှာပါ ။
အဲဒီအချိန် ရောက်ရင် ကျမ တို့ ငယ်ရွယ်စဉ်က ဆည်းပူးထား ခဲ့တဲ့ ပညာ ဗဟုသုတတွေ ကဘဲ ကိုယ့်ကိုတဖန် စောင့်ရှောက်နိုင် မှာပါ။ အလှအပ ဆိုတာဟာ မိန်းမတွေ အတွက် အလွန် တန်ဖိုးကြီးတဲ့ ပိုင်ဆိုင်မှု ပစ္စည်းတခုဖြစ် သလို မထိန်းသိမ်းတတ်ရင် အန္တရာယ်ကို လက်ယက် ခေါ်နေတဲ့ အလွန် ကြောက်စရာကောင်းတဲ့ အရာတခုလည်း ဖြစ်ပါတယ် ။
ညီမလေးများ နားလည်နိုင်ကြပါစေ ။ အမြင့်ဆုံးသော ပန်းလေး တပွင့် ဖြစ်ကြပါစေ ။
CREDIT

Post a Comment