မမ မမ ဆိုတာ...
မမရဲ့ အသက်က အနည်းဆုံး ၂၄ ၊ ၂၆ ၊ ၃၀ တန်း ဖြစ်ရမယ် ...
အရပ်က အနည်းဆုံး ၅ ပေ၊ ကိုယ်လုံး တောင့်တောင့်နဲ့ ။ ( ပိန်လိမ်နေတဲ့ ဂျပိန်မမတွေ မပါဘူး )
ဆံပင်က အနက်ရောင်ကိုမှ သပ်သပ် ရပ်ရပ် ချထားတာမျိုး ( အပေါစား ဆေးတွေ မဆိုးဘူး ၊ ပျာယာခက်နေတဲ့သူ မဖြစ်ရဘူး )
အဝတ်အစားကို သပ်သပ် ရပ်ရပ် ဝတ်တတ်ပြီး တီရှပ်နဲ့ ဘောင်းဘီတို ဝတ်ရင်တောင် မနူးမနပ် အရွယ် မဖြစ်ရဘူး ... လုံချည်လေးနဲ့ ရင်ဖုံး အင်္ကျီလေးနဲ့များ ဝတ်ရင် ကြွေဆင်းနေရမယ် ...
စကားပြောရင် ချွဲ့နွဲ့တာ မပါပဲ လေသံက အစ ပြတ်သား တည်ကြည် နေရမယ်
ကိုယ့်ကိုလည်း အများကြီး ဆူစရာမလို ။ မမ မကြိုက်ဘူးနော် ဆိုတာနဲ့ အရာ အားလုံး အငြိမ်း
မမ စကားဆို မြေဝယ်မကျ နားထောင်ချင်စရာ ဖြစ်နေရမယ် ...
တည်ကြည်မှု၊ ဆွဲဆောင်မူ ၊ ပြတ်သားမှု တွေနဲ့ ... မမ ကမ္ဘာဆိုတာ လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိရမယ် ...
မမ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင် မနေတတ် မထိုင်တတ်.. တာဝန်တစ်ခုနဲ့တင် ရူးသွားရမယ် ...
တကယ်တော့ ' မမ ' ဆိုတာ ... ဥာဏ်ပညာ၊ အတွေ့အကြုံ၊ အနေ အထိုင်၊ အလုပ်အကိုင် ဘာဆိုဘာမှ လိုအပ်ချက် ဆိုတာ မရှိတဲ့ ... အချိန်မရွေး ကြိုက်တဲ့ ယောက်ျားလေးကို ခေါင်းခေါက် ရွေးလို့ရတဲ့ ... ရင်ခွင်ပိုင်ရှင်တွေကို ခေါ်တာပါ ...
အခုတော့ ၁၈ ၊ ၁၉ အရွယ်တွေက မိတ်ကပ်တွေ အထူကြီးတွေလိမ်း ... အတိုအပြတ်တွေဝတ် ပျာယာတွေ ခတ်ပြီး ... မမကလေ ... မမကလေနဲ့ သောက်မြင်ကို ကပ်ဒယ် ... ဝုတ်ဒယ် ... !
Credit မင်းဘိုးအေ
Post a Comment