Header Ads

လမ်းခွဲသွားတဲ့ ချစ်သူကို သတိရတဲ့စိတ် သက်သာစေဖို့ အချက် (5) ချက်


1) တကယ် ချစ်တဲ့သူက ပိုပြီးတော့ နာကျင်ရတယ်။  ချစ်သူနှစ်ဦး အကြောင်း ကြောင်းကြောင့် လမ်းခွဲလိုက်တဲ့ အခါမှာ တကယ်ချစ်တဲ့ သူကတော့ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ သို့ပေမယ့် သတိရတဲ့ စိတ်တွေကို ဖျောက်ဖျက်ဖို့တော့ လိုပါလိမ့်မယ်။

2) သူနဲ့ ပက်သက်တဲ့ အရာတွေကို မမြင်ရအောင် အားလုံး ဖျောက်ဖျက်ပစ်ပါ။  ဓာတ်ပုံတွေ ၊ အမှတ်တရ လက်ဆောင်တွေက လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ ချစ်သူကို ပြန်လည် တမ်းတမိ စေပါတယ်။ ဒါကြောင့် အဲလို သူနဲ့ ပက်သက်တဲ့ အရာတွေ အားလုံးကို ဖျောက်ဖျက်ပစ် လိုက်ပါ။

3) အချိန်က ကုစားသွားမှာပါ။  အချိန်ကာလ တစ်ခုကို မရောက် မချင်းတော့ အရမ်းကို ခံစားရလိမ့်မယ်။ သို့သော် အချိန်ကြာ သွားရင်တော့ နာကျင်မူလေးများက သက်သာလာ ပါလိမ့်မယ်။ မေ့သင့်တာတွေကို မေ့နိုင်အောင်တော့ ကြိုးစားရမှာပေါ့။

4) ဖြစ်ချင်တာထက် ဖြစ်သင့်တာကို တွေးပါ။  အချစ် ဆိုတာ တစ်ယောက်တည်း ချစ်နေရင်လည်း တစ်ယောက်တည်းပဲ ခံစားရတယ်။ ကိုယ်ချစ်တဲ့ သူက ကိုယ့်ကိုယ် ပြန်မချစ်နိုင်မှတော့ မေ့လိုက်ရတာပေါ့။ ဒါကြောင့် ဘဝမှာ ဖြစ်သင့်တာတွေကို လုပ်တာက စိတ်ချမ်းသာ စေပါတယ်။

5) အချစ် တစ်ခုတည်းမှ ဘဝကို တည်ဆောက်လို့ မရတာ။  အချစ်ကြောင့် ဘဝ တစ်ခုလုံးကိုတော့ အပျက်စီး မခံပါနဲ့။ လမ်းခွဲလိုက်တဲ့ ချစ်သူဟာ ကိုယ့်ကိုယ် ချစ်တဲ့သူလည်း ဖြစ်မယ်၊ မချစ်တဲ့ သူလည်း ဖြစ်မယ် သို့သော် အချစ် တစ်ခုတည်းနဲ့ ဘဝကို တည်ဆောက်လို့ မရတာ။

credit to ကျော်လင်းနိုင်

No comments

Powered by Blogger.