တစ်ခါတလေ အချစ်ဆိုတာ...
★ ★ ★ ★ ★
တခါတလေ အချစ် ဆိုတာ အသံလေး ကြားရယုံ ဓါတ်ပုံလေးတွေ ကြည့်ရင်း အလွမ်းဖြေ နေရယုံကလေးနဲ့ ကျေနပ်နေရတဲ့ အဖြစ်ပါ....။
ပုံမှန် ဖုန်းဆက်နေကျ အချိန်ရောက်လို့ ဖုန်း မဆက်လာခဲ့ရင်....
ပုံမှန် Facebook မှာ စကားပြောချိန် ရောက်လို့ လိုင်း မတက်လာခဲ့ရင်....
ဘာများ ဖြစ်နေလို့ပါလဲ ဆိုတဲ့ အတွေးက မစဉ်စားပဲ နေရာယူ နေတတ်ပြန်တယ်လေ...
တခါတလေ.... အချစ်က စိုးရိမ် ပူပန်မူတွေ ပေးတယ် ဆိုတာ နှစ်ယောက်ကြားက အဆက်အသွယ်လေးတွေ ပျက်တောက် သွားချိန်မှာ ပိုပို သိလာရတဲ့ အဖြစ်ပါ....
အရမ်း ချစ်မိနေတယ် ဆိုတာ မခွဲနိုင်တော့မှ သိလာရသလိုမျိုး သတိရတိုင်း တိုးတိုးပြီး လွမ်းမိသွားတယ် ဆိုရင်တောင် " ပိုတယ်လို့ မထင်ပါနဲ့ " ချစ်သူရယ်....
AungWana
Post a Comment