Header Ads

ပုရိသတို့ရဲ့ စိတ်ကူး နဲ့ မုဒိမ်းကျင့်တာ ခံရတဲ့ ပန်းလေးများ


Online ပေါ်မှာ မိန်းခလေး တချို့က မှားယွင်းမှုတွေနဲ့ သာယာနေကြတာ တော်တော်များများ တွေ့ရတယ် ။ ကျားသဘာဝ ကို နားမလည်ပဲ ကိုယ့်ရဲ့ ထင်ပေါ်မှု အတွက် မပေါ်ပေါ်အောင် ဖော်လို့ အဝတ် ဗလာလေးတွေ နဲ့ ဆယ်လီရူး ရူးနေကြပြန်တယ် ။

စမီး လှလားဟင့် ဆိုတဲ့ စတေးတပ်လေးရဲ့ နောက်မှာ သားကောင် ရှာနေတဲ့ ကျားတချို့က ပေးတဲ့ like သိန်းချီ ရလို့ တဏှာရူးတွေရဲ့ အလှဘုရင်မ အဖြစ် မော်ကြွားနေကြ ပြန်တယ် ။

ညစ်ညမ်းမှုတွေ အောက်မယ် သား မယား အဖြစ် ဆဲဆို ခံနေရလည်း အေးအေး ဆေးဆေးပါပဲ ။ သူမတို့ အတွက်ကတော့ စိတ်ထားကောင်းသူကြီး အဖြစ် နှင့် မိမိ ရဲ့ အမှားတွေ ကို ပြုပြင်ဖို့ မကြိုးစားပဲ ဖော်မြဲ ထုတ်ဖော်ပြမြဲမို့ စိတ်ကူးနဲ့ မုဒိမ်းကျင့် ခံနေရှာတယ် ။

Facebook မှာ အကိတ် အကိတ် ဆိုတဲ့ ခေတ် စကားကြောင့် မိန်းခလေးတချို့ online ကို ဘဝကြီးထင် ဆယ်လီ ဆိုတဲ့ နာမ်စားလေးကို ရဖို့ အပြိုင်အဆိုင် ဖော်ချွတ်လေးတွေ နဲ့ ပုရိသတွေ အတွက် စိတ်ကူးနဲ့ မုဒိမ်းကျင့် ခံနေရတဲ့ ဆယ်လီရူးတွေ များလာခဲ့တယ် ။

ရှိတဲ့ မင်းသမီးတွေက ဖော်ချွတ် ၊ ဆယ်လီရူး ငပိန်းမတွေကလည်း အကုန် ဖော်ထုတ်လို့ ဖာဆန်ဆန် စရိုက်ပျက်တွေ နဲ့ online ဆိုတာ သားကောင် ရှာတဲ့ ပုရိသကျားတွေ အတွက် ပိုက်ဆံ ပေးစရာမလို Free မုဒိမ်းကျင့်လို့ ရနေခဲ့ပြန်ပါတယ် ။

စမီးလှလားဟင့် ဆိုတဲ့ စကား နဲ့ ပုရိသတွေကိုချုပ် ၊ ရင်လေးကိုဖော် ဖင်လေးကို ကော့လို့ ဆယ့်နှစ်ကြိုးကဝေ နည်းတွေနဲ့ ပြုစားတော့ အမြီးလေးနန့် အညှီ အဟောက်ကြိုက်တဲ့ တဏှာရူး ခွေးတအုပ်ရဲ့ အားပေးမှု အောက်မယ် တော်တော် ခရီးပေါက်လို့ အော် ငါ့ညီမလေးများက ငွေပေးစရာ မလိုတဲ့ online ဖာ ဆိုလားဘဲ ။

တို့ကတော့ Facebook ဆယ်လီကွ ဆိုတဲ့ ဘာမဟုတ်တဲ့ မာန် နဲ့ ကိုယ့်ကိုယ်ကို အလှဘုရင်မ တပါးလို့ ထင်ပြီး Like တွေ ပေါ်မယ် ဂုဏ်ယူ နေတဲ့ ပန်းလေး တို့ရေ  .... စာပေ ၊ ရသ၊ သုတ တွေ လေ့လာရမယ့် အချိန် နဲ့ like ပေးသူများ အတွက် cb မှာ အချိန် ဖြုန်းနေရလို့ တနေ့တာမှာ online တက်ချိန် ညီမလေးတို့ ဘာပညာတွေ တိုးပွားခဲ့သလဲ ?

အမှန်တကယ် ခေတ်မှီပြီး ဆိုရှယ် ကျတဲ့ အမျိုးသမီးတွေ က မိတ်ကပ်နဲ့ မျက်နှာ ဆေးခြယ်ပြီး စမီးလှလားဟင့် ဆိုတဲ့ စတေးတပ်နဲ့ မမေးခဲ့ဘူး ။ ထက်မြက်တဲ့ မိန်းမတွေက online ကို ဘဝ အောင်မြင်မှု အတွက် ပတ်ဝန်းကျင်နဲ့ ဘယ်လို နေထိုင်သင့်တယ် ဘယ်လို တိုးတက် ပြောင်းလဲနေတယ် ဆိုတာပဲ အဓိက ထားပြီး စာပေ ရသ သုတ ခေတ်သစ် နည်းပညာ တွေကို အာရုံထားတက် ကြတယ် ။

တကယ့် မိန်းမကောင်း မိန်းမမြတ်တွေ က Online ပေါ်က လှတယ် ချောတယ် ဆိုတဲ့ တဒင်္ဂ သာယာမှု အတွက် အစဉ်အမြဲ ထိန်းသိမ်းထားတဲ့ ဂုဏ်သိက္ခာ ကို ချနင်းပြီ ကျော်ကြားမှုကို မမက်မောကြဘူး ။  မိန်းမသား သဘာဝ လှတယ် ချောတယ် ဆိုတဲ့ စကား မိန်းမသားတိုင်း သဘောတွေ့ကြပေမဲ့ အလှတရား ဆိုတာ ဘဝ တခုလို့ သတ်မှတ် မထားဘူး ။

မိန်းမသား တိုင်းရဲ့ မရှိလည်း ဖြစ်တဲ့ လိုအပ်ချက် တစိတ်တပိုင်း အဖြစ်သာ အလှချယ်သလို့ နေထိုင်ကြတယ် ။ ကိုယ့်အလှက ရမ္မက် အနေနဲ့ အသွင်ပြောင်း မယူဘူး ။ ပုရိသတွေ အတွက် စိတ်ကူးနဲ့ တည အပန်းဖြေဖို့ အတွက် အလှပြင်တာ မဟုတ်ဘူး ။

နှာဘူးတွေ အကြိုက် လိုက်ပြီး မိမိ မရှိ ရှိတာတွေ ဖော်ပြရင်တော့ ယောက်ျား သဘာဝ ပါးစပ် ကလေး စိုက် ချစ်ခွင့် ပန်ပြီး ရရင် အမြတ် မရရင် အရင်း ဆိုပြီး ရိတဲ့တဲ့ အပြောခံ အကြည့်ခံ မစစ်မှန်တဲ့ အချစ်တွေနဲ့ အရွေးချယ် ခံရဖို့ သေချာနေပြီမို့ ပန်းကလေးတို့ရေ ..... စိတ်ကူး နဲ့ မုဒိမ်းကျင့် ခံနေရတဲ့ ဘဝ မရောက် စေနဲ့ ကွယ် ။ ဆယ်လီ ဆိုတာ ဂုဏ်ယူစရာ မဟုတ်တဲ့ နာမ်စားလေး တခုပါ ။

Ar Kar Min

No comments

Powered by Blogger.