လိမ္မာပါးနပ်တဲ့ မိန်းမဆိုတ
လိမ္မာပါးနပ်တဲ့ မိန်းမဆိုတာ အမုန်းဆိုတာ ကို အပြုံးလေး နဲ့သာ တုံ့ပြန်တတ်တယ် ။
လိမ္မာပါးနပ်တဲ့ မိန်းမက နာကျင်မှုကို တိတ်တဆိတ် နေခြင်း နဲ့ သိမ်းသွင်းတတ်တယ် ။
လိမ္မာပါးနပ်တဲ့ မိန်းမက သူတဖက်သားကို မနာလိုစိတ်နဲ့ အချိန် မဖြုန်းဘူး ။ ကိုယ့် အစွမ်းအစကိုယ် ချိန်ဆနေ တတ်တယ် ။
လိမ္မာပါးနပ်တဲ့ မိန်းမက ကိစ္စ ရပ်တိုင်းကို မြန်မြန်ပြီး ဖို့ ထက် မှန်မှန်နဲ့ ပြီးဖို့ပဲ အာရုံ စိုက်တယ် ။
လိမ္မာပါးနပ်တဲ့ မိန်းမက ဘယ်နေရာမှာ ဘာစကားပြောရမလဲ ဆိုတာကို နားလည်ကြတယ် ။
လိမ္မာပါးနပ်တဲ့ မိန်းမက ကိုယ့်အနား မရှိနိုင်တဲ့ ယောကျာ်းတယောက် အတွက် ပူဆွေး တမ်းတ မနေဘူး ။ ကိုယ်က တဘက်သက် လိုက်ကြိုက်ပြီး အိနြေ္ဒပျက်လောက်အောင် သိက္ခာတွေလည်း မှေးမှိန် မနေတတ်ဘူး ။
လိမ္မာပါးနပ်တဲ့ မိန်းမက မျက်နှာ အလှပြင်ဆိုင် သွားကြ သလို စိတ်ဓာတ် အလှပြင်ဖို့လည်း စာဖတ် မပျင်းကြဘူး ။
လိမ္မာပါးနပ်တဲ့ မိန်းမက ဝမ်းနည်းစရာ အတိတ်ကို ဒိုင်ယာရီထဲ မှာပဲ သိမ်းထားတတ် ကြတယ်။ ပျော်စရာအနာဂတ် ကိုသာ နေ့တိုင်း ဖန်တီး တည်ဆောက်နေ တတ်တယ် ။
လိမ္မာပါးနပ်တဲ့ မိန်းမက မာနဆိုတာကို သူမဘဝရဲ့ လုံခြုံရေးအတွက် ဘောင်ခတ်ဖို့သာ ထုတ်သုံး ကြတယ်။
လိမ္မာပါးနပ်တဲ့ မိန်းမတိုင်းက ချစ်ခြင်း မုန်းခြင်း ပူဆွေးခြင်း ၊ ပျော်မြူးခြင်းနဲ့ မတည်မြဲခြင်းများကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားကြတယ် ။ ဘာသာရေး အဆုံးအမတွေနဲ့ ငြိမ်းချမ်းရာ တရားစစ်ကို ရှာဖွေ ဆည်းပူးတတ် ကြပါတယ်
MMT
Post a Comment