ကိုယ့်ချစ်သူ ကိုယ့်ကို ပစ်ထားတယ် ဆိုတာက...
မိန်းခလေး တော်တော် များများ တွေ့မိတယ် ။ ကိုယ့် ချစ်သူက ကိုယ့်ဆီ မလာလို့ ၊ ဂရုမစိုက်လို့ ၊ ဖုန်း အချိန်မှန် မဆက်လို့ ၊ အဆက်အသွယ် မလုပ်လို့ စသည်ဖြင့် စိတ်ညစ်နေကြ တာတွေ တွေ့ရပါတယ် ။
တကယ်တမ်းတော့ အဆက်အသွယ် မလုပ်ဘူး ဆိုကတည်းက ဒီမိန်းခလေးကို သူ့စိတ်ထဲမှာ မရှိလို့ပါ။ ယောက်ျားလေး ဆိုတဲ့ အမျိုးဟာ သူတို့ လိုချင်ရင် မရရအောင် ယူတတ် သလို သူတို့တွေ့ချင်ရင် မရ ရအောင် ဆက်သွယ်လာတတ် ကြပါတယ် ။
ကိုယ့်ဆီ မဆက်သွယ်ဘူး ဆိုကတည်းက ဒီမိန်းခလေးကို သူ မလိုချင်လို့ပါ ။ ဒါကို မိန်းကလေးတွေက ငိုကြတယ် ။ စိတ်ညစ်ကြတယ်။ အိပ်ရေး အပျက်ခံပီး လွမ်းကြတယ် ။
ပီးတော့ အိပ်ရေးပျက်ခံ လွမ်းပြီး ငိုတော့ နောက်နေ့ မနက်မှာ မျက်ကွင်း ညိုခြင်း ဆိုတဲ့ အရာကြောင့် ကိုယ့်မျက်နှာ ရုပ်ဆိုးသွားတာက လွဲရင် ဘာများ အသုံးဝင်လာမှာ မို့လို့လဲ ။ ကိုယ်က လူးလှိမ့်ပီး ငိုနေတော့ရော သူက ရောက်လာလား ? ။
ဒါကြောင့် ဘဝမှာ ကိုယ့်ကို ဂရုစိုက်တဲ့ သူကို ရွေးချယ်ပါ ။ ကိုယ့်ကို ဂရုမစိုက်တဲ့ သူတွေ အတွက် အချိန်ကုန် မခံပါနဲ့ ။ ဒါဟာ အတ္တကြီးတာလို့ ထင်ကြပါ လိမ့်မယ် ။ တကယ်တော့ ဒါ အတ္တကြီးတာ မဟုတ်ပါဘူး ။ ကိုယ်က မိန်းခလေး ဖြစ်တဲ့ အတွက် မိန်းခလေး တန်ဖိုးနဲ့ ညီမျှတဲ့ အတ္တတော့ ရှိသင့်တယ် မဟုတ်လား ?
အချစ် ဆိုတာက တကယ်တော့ ဘဝရဲ့ အစိတ်အပိုင်း တခုပါပဲ ။ ဘဝ တခုလုံး မဟုတ်ပါဘူး ။ ဒါကြောင့် မိန်းခလေးတွေ အနေနဲ့ အချစ်ကို ဘဝကြီး တခုလုံးနဲ့ ရင်းပြီး မချစ်သင့်ပါဘူး ။ နေ့စဉ် လှုပ်ရှား ရုန်းကန် နေရတဲ့ လူသားတွေ အတွက် အချစ် ဆိုတဲ့ အရာကြောင့် အချိန်အများကြီး အကုန်ခံမိမယ် ဆိုရင် တနေ့မှာ နောင်တ ရလာမှာ အသေအချာပါပဲ ။
ဒါကြောင့် မိန်းခလေးတွေ အနေနဲ့ အသိနဲ့ သတိထားပြီး ဆင်ခြင်နိုင်ကြပါစေနော် ။ ဘဝမှာ ကိုယ့်အပေါ် အမြဲ ဂရုစိုက်တတ်တဲ့ သူမျိုးနဲ့ တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။
ဆရာမ ကြာညိုသွယ်
Post a Comment