Header Ads

နောက်မိန်းမယူချင်တဲ့ ယောင်္ကျားနဲ့ စနှိုက်မတွေသိစေဖို့


နောက်​ မိန်းမလား.. ယူကြည့်လိုက်​​လေ.. မယားငယ်​ယူတာ မယားကြီးကို အစက ပြန် ယူသလိုပဲ ဖြစ်​​နေမှာ မယုံ ယူကြည့်။

ခိုး​တွေ့ရလို့ ရင်​ခုန်​တယ်​လား။ ဒါ​ပေါ့ မယားကြီးနဲ့ မယူခင်​ကလည်း သူ့မိဘ မသိ​အောင်​ ခိုးချစ်​ခဲ့ကြတာပဲ မှတ်​လား။ အဲ့တုန်းကလည်း ရင်​ခုန်​တာပဲဟုတ်​။ အဲ့တုန်းက​တော့ သိက္ခာရှိစွာ ရင်​ခုန်​ရ​သေးတယ်။

ယူခါစကလည်း မယားကြီးကို အသစ်​မို့ သည်းသည်းလှုပ် ​ချစ်​ခဲ့ရတာပဲ မှတ်​လား။ အခု ရထား​တဲ့ စကီက​ကော မ​ဟောင်းတတ်​တော့ ဘူးလား။

မယားကြီးက ပုံပျက်​​နေပါပြီ တဲ့လား။ ဒါ​ပေါ့ ဒါ​ပေါ့ စနိုက်​​လေးက ပုံမပျက်​ တတ်​​တော့ဘူး ဆို​တော့​လေ။

အပြုစု​ကောင်းတယ် ​ဆိုပါလား။ အင်း​ပေါ့​လေ တစ်​ရက်​လုံး​နေမှ ဆယ်​မိနစ် ​မပြည့်တဲ့ ဖီလင်​အတွက် ကျန်​တဲ့ နှစ်​ဆယ့်သုံး နာရီ​ကျော်​လုံးကို စုတ်​ပြတ်​သတ် ​ခွ​င့်ပြုတာ သာမာန်​ဥာဏ် ​နည်းတာ ဟုတ်​ဘူး​လေ။

သူများလင်​ ယူနိုင်​လို့ ဂုဏ်​ယူတယ် ​ဟုတ်​လား။ ​ယောက်ျားလုပွဲ ဆိုတာ ရသွားတဲ့ သူက ရှုံးတာ။ ​တွေးကြည့်​​လေ။ လျှာနှစ်​ခွနဲ့ မြွေကို လုကြတယ် ​ဆိုမှ​တော့ ရသွားတဲ့ သူက အ​ပေါက်​ခံရပြီပဲ။

ငါဟဲ့ ​ယောင်္ကျား မြင့်​မြတ်​ပါသတဲ့လား။ အပို​တွေ ဘာမဟုတ်​တဲ့ ခဏတာ အ​တွေ့ကို​တောင်​ မ​ရှောင်​နိုင်​တာ ကိုယ့်​ဘာသာ ဘယ်​ထဲ ရောက်နေလဲကြည့်။

စနိုက်​​တွေနဲ့ စနိုက်​လင်​​တွေ ​သေချာ​ တွေးကြည့်ထား။ မင်းတို့​ ခေါင်းနှစ်​လုံး​ပေါ် ​ခြေတစ်​ဖက်​ဆီ တင်​ပြီး မတ်​တပ်​ရပ်​​နေမှာက က​လေးလက် ​ဆွဲပြီး ထမိန်​တိုတို ဝတ်​ထား​တဲ့ မယားကြီး​တွေပဲ။ မျက်​နှာကပါ ပြုံးထား​သေးတယ်။

မယားကြီး​တွေရဲ့ ​ခြေသုတ်​ဝတ် ​ဆိုတာ တစ်​သက်​လုံး မင်း​ခေါင်းက ဆံပင်​မဖြစ်​ချင်​ရင်​ ပိုင်​ရှင်​ရှိ ​ယောက်ျား​ ယောင်​လို့​တောင်​ အီးလှည့်မ​ပေါက်​နဲ့။ အီးနံ့​တောင်​ ​မွှေးတယ် ​ဆိုပြီး လိုက်​လာတဲ့ ​​ယောက်​ကျာ်း​မျိုးနဲ့ ​တွေ့ရင်​ ​ပြေး​နေရမယ်​။

အသစ်​ပဲကြိုက်​တဲ့ ​ယောက်ျား​တွေလဲ ကိုယ့်ဘာသာ​တွေး မယားကြီးကို စိတ်​တိုင်းမကျ ဖြစ်​​နေရ​အောင်​။ အမြဲ ကိုယ့်ဘာသာ စိတ်​တိုင်းကျလို့လား… ဒါဟာ အကျင့်ဖြစ်​​နေတာ အခုထိန်းချုပ်​ရင် ​မှီ​သေးတယ်။ အီးပုံ မရှာကြနဲ့။

အီးရှာလို့ မယားကြီးနဲ့ လွတ်​သွားရင်​လည်း အဲ့အီးပုံ တစ်​သက်​လုံး စား​နေရမယ်​။ မလွတ်​ပဲ ပြန်​​ပေါင်းရင်​လည်း မယားကြီးက အဲ့အီးပုံကို ​နေ့တိုင်း ​ရေနူး​ပေး​နေလို့ ​နေ့စဉ်​ အနံ့ရှူ​ နေရမယ်​။ အီးနံ့ မရှာကြနဲ့။

ဒါ​ပေါ့ရှင်...​ မယားကြီး ဆိုတာ ဆုံးရှုံးရတာ အချစ်​ တစ်​ခုတည်း။ စနိုက်​နဲ့ စနိုက်​လင်​က​တော့ အချစ်​​တော့ ရပါရဲ့၊ ဆုံးရှူံး လိုက်​ရတာ သိက္ခာ လူ့တန်​ဖိုး သားသမီး ကိုယ်​ကျင့်​တရား အို အများကြီးပါလား။ ငရဲ​တောင်​ အဆစ်​ပါ​သေး..!!!! ဒဲ့ပဲ​ပြောမယ်​..!!

Credit မူရင်းရေးသူ

No comments

Powered by Blogger.