ယောက်ျားယူတော့မဲ့ သမီးအတွက် အဖေရဲ့ မေးခွန်း (5) ခု
သမီးက ယောက်ျားယူတော့ မလို့တဲ့ ။ အဖေ တားလို့ မရတော့တဲ့ အခါမှာ သမီးကို ဒီလိုပြောပါတယ် ။ " သမီး ၊ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုးတဲ့ " အိမ်ထောင်ပြုတယ် ဆိုတာ ဘုရားတည် သလို၊ ဆေးမျဉ်ကြောင် ထိုးသလိုပဲ၊ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ တစ်သက်လုံး ပြုပြင်လို့ မရတော့ဘူး။
ဒါကြောင့် သမီးလေး လေးလေး နက်နက် စဉ်းစားစေ ချင်တယ် ။ အဖေ အခု မေးတဲ့မေးခွန်းကို သေသေ ချာချာ ဖြေကြားစေချင်တယ် ။
1) သမီးလေးတို့ နှစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာက ညီမျှမှု ရှိရဲ့လား
နှစ်ယောက်လုံးရဲ့ ချစ်ခြင်းမေတ္တာက ညီမျမှု ရှိတယ် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတာ သိပ်မကွာတာကို ဆိုလိုတာပါ ။ တကယ်လို့ တဘက်က အရမ်း ချစ်တယ် တောက်လျှောက် သူချည်း ပေးဆပ်နေရတယ် ။ အရာရာတိုင်းမှာ အဆင်ပြေဖို့ သီးခံနေရတယ် ။ နောက်တယောက်ကတော့ အေးတိအေးစက်နဲ့ ဗိုလ်ကျတယ်၊ အနိုင်ယူတယ် ဆိုရင် ဒါညီမျမှု မရှိတော့ ပါဘူး။
2) သမီးလေး သူ့မိသားစုရဲ့ အကြောင်းကို ကောင်းကောင်းရော သိသလား
ချစ်တယ် ၊ ရည်းစားထားတယ် ဆိုတာ လူနှစ်ယောက်ထဲ နဲ့သာ သက်ဆိုင်တယ် ဆိုပေမဲ့ အိမ်ထောင်ပြုတော့မယ် ဆိုရင် မိသားစု နှစ်စုနဲ့ သက်ဆိုင်သွား ပါတယ် ။ အခြားတဘက် မိဘများနဲ့ အဆင်ပြေပြေ နေထိုင်နိုင်မလား ဆိုတာ အိမ်ထောင်ရေး သာယာဖို့ အတွက် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာ ပါတယ်။
မိဘများရဲ့ ထောက်ခံမှု အပြည့်အ၀ မရတဲ့ အိမ်ထောင်ရေးဟာ အားနည်းနေတတ် ပါတယ်။ သူ့မိသားစု အကြောင်းကို ကောင်းကောင်း သိထားခြင်း အားဖြင့် ကိုယ်အိမ်ထောင်ပြုမဲ့ အိမ်ထောင်ဘက် အကြောင်းကိုလည်း ပိုမိုနားလည် သိရှိနိုင် ပါတယ် ။ ဥပမာဆိုရရင် ပွေတဲ့ အဖေဟာ ပွေတဲ့သားကို မွေးထုတ်တတ် ပါတယ် ။
3) သမီးတို့ နှစ်ယောက်က အကြိုက်တူလား ၊ ၀ါသနာတူလား
ဒဲ့ မေးရရင်တော့ စကားပြောတာ တည့်ရဲ့လား၊ အတွေးခေါ် ချင်းကော တူညီရဲ့လား၊ အမြင်ချင်း တူညီတာ များသလား ဆိုတာပါပဲ ။ ၀ါသနာတူတာလည်း အရေးကြီးပါတယ်။ တယောက်က ခရီးသွားတာ ၀ါသနာ ပါတယ်။ တယောက်က ကိုယ့်အိမ်ထဲမှာပဲ အေးအေး ဆေးဆေး နေချင်တယ်။ ဒီလိုဆိုရင်တော့ ရေရှည်မှာ အဆင် မပြေတော့ဘူး သမီးရေ ။
4) သမီးလေးက အိမ်ထောင်တခုရဲ့ ဖိအားဒဏ်ကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်ပြီနေပီလား
အိမ်ထောင် မပြုခင်မှာ အချစ်ဟာ အရေးကြီးဆုံး ဖြစ်ပေမဲ့ အိမ်ထောင်ပြုပြီးရင် အချစ်ရော၊ ငွေရေး ကြေးရေးပါ အရေး ပါလာ ပါတယ် ။ အိမ်ထောင်ကျပီးရင် ဘာကိစ္စမဆို မိဘနား လက်ဖြန့်တောင်းလို့ မကောင်းတော့ဘူး ။
ပြီးရင် သားရေး သမီးရေး၊ သားသမီးရဲ့ ပညာရေး စသည်ဖြင့် တာဝန် တစ်ခုပြီး တစ်ခု တာဝန်ပိုလာတော့မှာ ။ အိမ်ထောင်ရေး ဆိုတာ ဖိအား ရှိတယ် သမီးရေ ။ အဲဒီဖိအားတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေရင်တော့ သမီးရဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေပါတယ် ။
5) သမီးတို့ နှစ်ယောက် အတူတူ ရှိနေတဲ့ အချိန်မှာ ဟိုးအရင်တုန်းကထက် ပိုပျော်တယ် လို့ ခံစားမိ သလား
တကယ် ချစ်တဲ့ စုံတွဲအဖို့ ဒီမေးခွန်းဟာ အပို ဖြစ်နေတတ်ပေမဲ့ တဖက်က တကယ် ချစ်ပြီး တဖက်က သိပ်မချစ်တဲ့ ချစ်သူများ အဖို့ကတော့ အိမ်ထောင်ပြုတော့မယ် ဆိုရင် ဒီမေးခွန်းကို ဖြေဆို ထားကြည့်ဖို့ လိုပါတယ်။
Wunyan Kha
Post a Comment