Header Ads

မတူညီသော မိန်းခလေးများ


သိက္ခာရှိတဲ့ မိန်းမက ဘယ်ယောက်ျား ကိုမှ ကိုယ်က တဖက်သတ် လိုက် မကြိုက်ဘူး
မြင့်မြတ်တဲ့ မိန်းမက ဘယ်ယောက်ျားကိုမှ တခြား မိန်းမနဲ့ ယှဉ်ပီး မလုဘူး
ထက်မြက်တဲ့ မိန်းမက ဘယ်ယောက်ျားကိုမှ အီစီကလီလုပ်ပီး မချစ်တတ်ဘူး
ရိုးသားဖြူစင်တဲ့ မိန်းမက ဘယ်ယောက်ျားကိုမှ မလှည့်စားဘူး

ရည်စားတွေ များတိုင်း အပေါစား မိန်းမ မဟုတ်ဘူး
ဒါပေမယ့် မိန်းမကောင်း ပီသသူတိုင်း ကတော့ ပန်းကောင်း တပွင့်ပဲ ပန်တယ်

မိန်းခလေး တယောက်ရဲ့ တန်းဖိုး ဆိုတာ သူ့ရဲ့ လက်ထဲမှာပါ
မိန်းခလေး တယောက်ရဲ့ စာရိတ္တ ဆိုတာ သူ့ရဲ့ လက်ထဲမှာပါပဲ

ကိုယ်က ရေအိုင် အဆင့်လောက်သာ ရှိရင် တွေ့သမျှ လူတိုင်းက ခြေဆေးကြ မှာပဲ
ကိုယ်က ဇရပ် အဆင့်လောက်ပဲ ရှိရင် သူတောင်းစားတွေလည်း လာအိပ်နိုင်တယ်
အနင်းခံတဲ့ ဖိနပ်တန်းဖိုးလောက်ပဲရှိရင် ခြေထောက်မှာပဲ နေရာရမယ်
ကိုယ်က ဦးထုပ်လောက် တန်းဖိုး ရှိရင် လူတိုင်းက ခေါင်းပေါ် တင်ထားကြ မှာပဲ

လူမိုက်တွေ များလေလေ ပညာရှိရဲ့ တန်းဖိုး တက်လေလေပါ
မိန်းမပျက်တွေ များလေလေ မိန်းမကောင်းတွေရဲ့ တန်းဖိုး တက်လေလေ ပါပဲ
ပန်းလေးတွေ လွယ်လွယ်နဲ့ ပွင့်ရင်တော့ မြင်သမျှ လူတိုင်းက နမ်းရှိုက်လို့ နွမ်းသွားရင် စွန့်ပစ်ကြမှာပဲ

လှပတဲ့ မိန်းခလေးက မျက်နှာနဲ့ ခန္ဓာကိုယ်ပဲ အဓိက ဂရုစိုက်တယ်
အဲ ... မိန်းမကောင်းတွေ ကတော့ စိတ်နှလုံးနဲ့ အကျင့် စရိုက်ကို အဓိက ဂရုစိုက်တယ်

မိန်းမလှလေးတွေ ကတော့ မျက်စိကိုပဲ အေးစေတယ် ၊ ငယ်စဉ်မှာ လှတယ်
မိန်းမကောင်း ကတော့ မြင်သမျှလူ စိတ်နှလုံးကို အေးစေတယ် အိုမင်းသည့် တိုင်အောင် လှတယ်

မိန်းမလှလေးတွေက ရတနာ တပါးဆိုရင်
မိန်းမကောင်းတွေကတော့ ရတနာသိုက်ကြီး ပါပဲ ....... ။

PPA

No comments

Powered by Blogger.