Header Ads

ကိုယ့်ချစ်သူ ကိုယ့်ကို တကယ်ချစ်မချစ် စမ်းကျိရအောင်..


ကိုယ့်ချစ်သူက ကိုယ့်ကို တကယ် ချစ်မချစ် ဒီအချက်လေးတွေနဲ့ စစ်ကြည့်ကြစို့လား။

၁) သူ ကိုယ့်ကို တကယ့် စိတ်ရင်း အမှန်နဲ့ ဂရုစိုက်ပေး တတ်တယ်။

၂) ကိုယ်ပြောတဲ့ စကားကို သေချာအလေးအနက် နားထောင်ပေး တတ်တယ်။

၃) ကိုယ်နဲ့ ပတ်သက်တဲ့ အမှတ်တရ နေ့စွဲတွေကို မှတ်မိနေတတ်တယ်။ မှတ်မိသလို ထူးထူးခြားခြားလည်း လုပ်ပေးတတ်တယ်။

၎) အလိုက် သိပ်သိတယ်။ သံသယကင်းပြီး အကောင်းမြင်စိတ် လေးနဲ့ တဖက်သားကို ကြည့်ပေးတတ်တယ်။

၅) ပြောသင့်တဲ့ အချိန်မှာပြော မပြောသင့်တဲ့ အချိန်မှာ မပြော အရိပ်သုံးပါး နားလည်တယ်။

၆) သာတယ် နာတယ် မတွက်ကပ်ဘူး။ ကိုယ့်ကို သတိရပီ ဆိုတာနဲ့ အရင် ဆက်သွယ်လေ့ ရှိတယ်။

၇) ဘယ်တော့မှ အကြာကြီး စိတ်ဆိုးလေ့ မရှိဘူး။ နားလည် လွယ်တယ်။ ချော့ရ မြန်တယ်။

...ကဲ ဒီအချက်လေးတွေထဲမှာ သူက ဘယ်အချက်တွေနဲ့ ကိုက်ညီလဲ စဉ်းစားကြည့်ပါဦး။

အနည်းဆုံး ၄ ချက်လောက် ညီတယ်ဆိုရင် တကယ် ချစ်တယ် လို့ ယူဆလို့ ရပါပီ။ အဲလိုလူ တွေ့ခဲ့ရင် မလွတ်စေနဲ့တော့နော်။

အချစ် နဲ့ ဗေဒင်

No comments

Powered by Blogger.