Header Ads

ချစ်သူရဲ့ ဈေးနှုန်း


မောင်ရေ ...

" ဒီက​နေ့က စပြီး ပြောမယ်
ချစ်လက်ကို ကိုင်​ရင်​ ၁ ထောင် "

" အင် ဘာလို့လဲ "

"  အော် ... ​​လက်​ထပ်​ဖို့ ဆို ခုကထဲက စုရမယ်​​လေ "

" အဲ့ဒါနဲ့ ဘာဆိုင်​လို့လဲ "

" ဆိုင်​တယ်​ မောင်
အခုချိန်က စပြီး ပိုက်​ဆံ စ စုမယ်
လက်​ကို ကိုင်​ရင်​ ၁၀၀၀
ပါးနမ်းရင်​ ၅၀၀၀
နှုတ်​ခမ်းဆိုရင် ၈၀၀၀
ပခုံးကိုဖက်​ရင်​ ၂၀၀၀
ခါးကိုဖက်​ရင်​ ၃၀၀၀
ချိန်း​တွေ့တာကို မောင် ​​နောက်​ကျရင်​ တစ်​မိနစ်ကို​ ၅၀၀ "

"​ အန် ...​ အခြားဟာ ဆိုရင်​​ရော ဟင် ​"

" ဘာ အခြားဟာကိုလဲ ပါးကျိုးမယ်​နော် "

အော် သူက​ ခြိမ်း​ခြောက်​​သေးတယ်
ရည်းစားထား နေတာလား ဓားပြနဲ့​ တွေ့နေတာလားတော့ မသိဘူး
အခု ကိုယ့်​ရည်းစားက ဆက်​​ကြေး ကောက်​​နေပီ

" မ​ပေးဘူး ဆိုရင်​​ရော "

" မ​ပေးရင်တော့​ ဘာမှ လာမလုပ်​နဲ့ ခပ်​​ဝေး​ဝေး​မှာနေ
အ​ကြွေးလည်း မရဘူး Discount ​လည်း မရဘူး ကြို​ပြောထားမယ်
ဒါ ဘ၀ အတွက်​ ပိုက်​ဆံ စု​နေတာ ... "

" ​အော်​ ဟုတ်​ကဲ့ပါ "

ကျုပ်​မှာ​ အဲ့နေ့က စပြီး ပါသမျှ ပိုက်ဆံ ကုန်​တာပဲ
ပိုက်​ဆံ မရှိတဲ့​ နေ့ဆို သူ့ကို ထိုင်​ကြည့်​​နေ ရတယ်
ဒင်းကို ပိုက်​ဆံ မ​ပေးပဲ သွားထိရင်​ ဆွဲစိတ်​တာ ကိုးဗျ

ချိန်း​တွေ့တဲ့ အခါမှာ​လည်း ​နောက်​ကျမှာ စိုးလို့ အသကုန် ​ပြေးရတာ အသဲ အသန်
သူ့နည်းလမ်းက နှစ်​​ယောက်​ ဘ၀အတွက်​ ဆို​တော့လည်း ဘယ်​တတ်​နိုင်​မလဲ

မမတို့ရေ ခင်​ဗျားတို့ ချစ်သူတွေကို တ​ကယ် ​ချစ်​ပြီး ယူဖို့အထိ စဉ်းစားထားရင်​ အဲ့နည်း​လေး စမ်းကြည့်​ကြပါလား

သားကိုတော့ ရန်​မရှာနဲ့​နော်​ အကိုကြီးတို့
သားက​ စေတနာနဲ့ နည်းလမ်းလေး ​ပေးတာ

Credit

No comments

Powered by Blogger.