တရုပ်တွေရဲ့ ပလုံပလန်
" မင်းနဲ့ ငါ့သမီးနဲ့ ချစ်သူတွေ ဖြစ်နေတယ်လို့ ပြောတယ်.. မင်းက ဘယ်နှစ်ခုနှစ် ဖွားလဲ "
" ကျနော်က ၁၉၈၇ ခုနှစ် ဖွားပါ "
" ဘာ ..... ဒါဆို မင်းက ယုန်ပေါ့ "
" ဗျာ အန်တီ "
" တော် ... တော် တော်တော့
ဟဲ့ ကောင်မ ... ညည်းအကောင်ကို အခု ချက်ချင်း လမ်းခွဲပါ သမီး
ညည်းရဲ့ အကောင်က ယုန် ညည်းက ကြက်
အို ... လုံးဝ မဖြစ်ဘူး အေ "
" မားမားရယ် ဝေါ်လေ သူ့ကိုပဲ ချစ်တယ် မားမား "
" တော်စမ်းကောင်မ
ညည်းကို ငါ့မိတ်ဆွေတွေရဲ့ သားတွေထဲက မျောက်နဲ့ ဖြစ်ဖြစ် မြင်းနဲ့ ဖြစ်ဖြစ် ပေးစားမယ်
ညည်းက ကြက် ဆိုတော့ အဲ့လို မျောက်တို့ မြင်းတို့နဲ့မှ အပေါက်အလမ်း တည့်ပြီး စီးပွားတက်မှာ "
" မားမားရယ်
အဲ့ မျောက်တို့ မြင်းတို့နဲ့ ဝေါ် မယူပါ ရစေနဲ့
ဝေါ်လေ သူ့ကိုပဲ အိုက်နီ တယ် "
" ဟဲ့ကမ ငါဆို ခွေးမို့လို့ ငါ့ရည်းစား နဂါးကို ထားခဲ့ပြီး
မိဘက ရွေးခိုင်းတဲ့ ဝက်နဲ့ နွားထဲ က
နင့် အဖေ နွားကြီးကို ယူခဲ့ ရတာ
အဲ့ဒါကြောင့် ညည်းကို အခုလို ရွှေပေါ်မြတင် ထားနိုင်ခဲ့တာ "
" မားမား ရယ် "
" တော် တန် တိတ် ကမ
နင့်အကို မြွေလည်း ကြွက်နဲ့ ယူခဲ့သလို
နင့်အမ ဆိတ်လည်း ကျားနဲ့ ယူခဲ့တာ ညည်းအသိဆုံး "
" ဟိုကောင်လေး သွားတော့
နင် ငါ့သမီးနဲ့ ဘယ်တော့မှ လာမပါတ်သက်တော့နဲ့ "
တိန်...
Zan Htet Ko
Post a Comment