အဝေးကချစ်နေရတာ ပိုကောင်းပါတယ်..
တကယ်ဆို ... Relationship တစ်ခုကို အခိုင်အမာ တည်ဆောက်ခဲ့ကြပြီး.. ဝေးသွားမှ မှားမှန်း သိတတ်ကြတာ လူတိုင်းလိုလိုပါ ...။
ဆုံတွေ့ခိုက် ခဏတာမှာ .. အမှတ်တရတွေပဲ ထားပေးချင်ခဲ့တယ် ...။ ရှိနေချိန် ခဏမှာ နွေးထွေးမှုတွေပဲ ထားပေးချင်ခဲ့တယ် ...။ စကားတွေ ပြောနေချိန် ခဏမှာ ပျော်ရွှင်မှုတွေပဲ ထားပေးချင်ခဲ့တယ်
အနည်းဆုံး မျက်ရည်ကြားက ရယ်သံလေး တချက်ကို ကိုယ် ဖြစ်စေချင်ခဲ့တာပါ ...။ အနည်းဆုံး နာကျင်ခံစားမှုတွေက ခပ်ယဲ့ယဲ့လေး အပြုံးတချက်ကို ကိုယ်ဖြစ်စေချင်ခဲ့တာပါ ...။
နင် ပြောင်းလဲသွားတယ်နော် တဲ့...
ငါမပြောင်းလဲပါဘူး ..ကိုယ်ကိုတိုင်တောင် .. ပြောင်းလဲခြင်းကို သတိမထားမိခဲ့ ...
ဟုတ်တယ် .. ကိုယ်ပြောင်းလဲသွားတယ်လေ.. ဘာမှန်းမသိတဲ့ ယုံကြည်မှု တစ်ခုကို ကိုင်ဆွဲပြီး ဆက်တိုးရင် မှားမှာ အဲ့တာကို သိတယ် ...။
သူ မလိုပဲ အနားမနေစေချင်ခဲ့တာ ကိုယ့်ရဲ့ဆန္ဒပါ... သူ မပျော်ပဲ မနေစေချင်ခဲ့တာ ကိုယ့်ရဲ့ဆန္ဒပါ... သူ မချစ်ပဲ ဆွဲမထားစေချင်ခဲ့တာ ကိုယ့်ရဲ့ဆန္ဒပါ...
ဒါကြောင့်ပဲ ကိုယ့်ဘက်က ရင်နာနာနဲ့ သူ့ကို စွန့်လွှတ်ခဲ့တာပါ ... ဘာမဆို တစ်ယူသန်စွဲ မနေတဲ့စိတ် ထားတတ်ပြီ ... သူမရှိနိုင်လည်းပဲ ... ကိုယ်နေနိုင်မှာပါ ...
တစ်နေ့တော့.. အတိတ်က ခါးသီးတာတွေကို ပြုံးရင်း ပြန်ပြောပြနိုင်မှာပါ ...။ ကိုယ့်ဘက်က သူ့ကို အကောင်းဆုံး ချစ်နေရက်နဲ့ အနားကနေ သူအတင်း ရုန်းထွက်ချင်နေတယ် မလား... ပေးသွားလိုက်ပါ...
သူ့ကို အချစ်စစ်နဲ့ ချစ်ခဲ့တယ် မလား ...
အရာရာထက် ပိုဂရုစိုက် ပေးခဲ့တယ် မလား ...
အရာရာထက် ပိုအလေးထား ခဲ့တယ် မလား ...
တတ်နိုင်သမျှ အကောင်းဆုံး ချစ်ခဲ့ပါလျှက်နဲ့မှ ကိုယ့်အနားကနေ သူထွက်သွားချင် နေတယ်ဆို ပေးသွားလိုက်ပါ...
တစ်ခါတလေ ကိုယ်ရဲ့ သိပ်ချစ် သိပ်ဂရုစိုက် သိပ်စိတ်ပူခြင်းတွေက သူ့အတွက်တော့ မွန်းကြပ်စရာတွေ ဖြစ်နေတတ်တယ်
သူမရှိရင် ကိုယ်ဘယ်လို ရှေ့ဆက်ရမှန်း မသိလို့ အဲ့အတွက် ကြိုတွေးပြီး ကြောက်နေမိတာလား.. သတ္တိရှိလိုက်ပါ ... ကိုယ့်အနားမှာ မနေချင်သူကို အတင်းဆွဲ ထားရတာက ပိုစိတ်ပင်ပန်း ရပါတယ်...
လက်လွှတ်ပေးလိုက်ပါ... နာကျင်ရမယ် .. ငိုရမယ် ... ဝမ်းနည်း အထီးကျန် ရလိမ့်မယ် ...
ဒါပေမယ့်... ကိုယ်ဘယ်လောက် နာကျင်ကျင် အနည်းဆုံးတော့ ကိုယ်ချစ်တဲ့သူကို လွတ်လပ်ခွင့် ပေးလိုက်နိုင်တယ်လေ ...။ အဲ့ဒါကို တွေးပြီးသာ လွမ်းရင်း ပြုံးနေလိုက်ပါ.. အလွမ်းဆိုတာ ခါးပါတယ်...
ဒါပေမယ့်...
တစ်ခါတလေတော့လည်း တွေးမိပါတယ်.. အနားနားနေပြီး နာကျင်နေရတာထက် စာရင်.. အဝေးကနေ ချစ်နေ လွမ်းနေရတာက ပိုကောင်းပါတယ်.. ပို အဆင်ပြေမယ် ထင်ပါတယ်...။
စာဖတ်သူအားလုံး ကျေးဇူးပါ။
Kurneair Zion
Post a Comment