ပိုးအိအိခန့်ပြောပြတဲ့ သူမအကြောင်း
လောကကြီးမှာ သူတစ်ပါးပစ္စည်း လိုချင်တပ်မက်စိတ် မရှိအောင် တစ်ခုလိုချင် တစ်ခုပေးဆပ်ရတဲ့ အကျင့်လေးတစ်ခု မိဘက သင်ပေးခဲ့တယ်။
ငယ်ငယ်လေးတုန်းထဲက ကိုယ်လိုချင်တာ ရချင်ရင် အိမ်က လိုချင်တာ တစ်ခု ကိုယ့်ဘက်က ပြန်ပေးဆပ်ရတဲ့ အကျင့်ကို မိဘက ကျင့်ပေးခဲ့တဲ့အတွက် သူများဆီက အလကား ဆိုတဲ့အရာ ယူရမှာကို ဝန်လေးတာ ယနေ့အထိပါ။
မှတ်မှတ်ရရတွေ ပြောပါဆိုရင် ၅တန်းနှစ် လောက်က ဆံပင် အရမ်းထူတော့ ဆံပင်ဖြောင့်ချင်တယ်လို့ ပူဆာဖူးတယ်.. အဖေက လိုချင်တာ ချက်ချင်း လုပ်ပေးရင် ပျက်စီးမှာဆိုးတာကြောင့် ဆံပင်ဖြောင့်ချင် ဒီတစ်ပတ်လပတ်စာမေးပွဲမှာ အဆင့် ၁ ရအောင်လုပ်ဆိုလို့ ရအောင် လုပ်ခဲ့တယ်။
၈တန်းနှစ် လောက်မှာ နာရီလိုချင်လို့ ပူဆာပြန်တော့ အဖေ့ရဲ့ထုံးစံအတိုင်း အဆင့် ၁ ရရင် ဝယ်ပေးမယ် ဆိုလို့ ကြိုးစာခဲ့တော့ အဲ့တုန်းက မြန်မာငွေ ၈သောင်းတန် essence ရွှေနာရီလေး ဝယ်ပေးခဲ့တယ်။
မိဘဖြစ်ချင်တာ လုပ်ပေးနိုင်ရင် လိုချင်တာ ဝယ်ပေးတယ်။ မလုပ်ပေးနိုင်ရင် အရိုက်ခံ ခဲ့ရတယ်။ ဆုပေး ဒဏ်ပေးစနစ်နဲ့ ကြီးပျင်းခဲ့တယ်။
အထက်တန်းကျောင်း ပြီးသွားတော့ Iphone ပေါ်လို့ လိုချင်လို့ ပူဆာတိုင်း အဲ့ခါကျပြန်တော့ ဘုရားတရားဘက်ရောက်အောင် ဆွယ်ခဲ့တယ်။ ပဋ္ဌာန်းနေ့တိုင်း ရွတ်ရင် ဝယ်ပေးမယ် ဆိုပြီးတော့ပေါ့။
ဒါကြောင့် ငယ်ငယ်လေးထဲက ကိုယ်လိုချင်တာ ရှိရင် ကိုယ့်ဘက်က တခုခုပြန်ပေးဆပ်ရမယ် ဆိုတဲ့ စိတ်နဲ့ပဲ အခုထိ ရှင်သန်ခဲ့တယ်။ လိုချင်တိုင်း ရနေရင်လည်း ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကို နားမလည်မှာ ဆိုးလို့ ရော့ပတ္တမြား ရော့နဂါး ဘယ်အရာမှ အလကားမရဘူး။ ကြိုးစားမှ ရမယ်ဆိုတဲ့ စိတ်ကို ငယ်ငယ်လေးထဲကအဖေ ရိုက်သွင်းပေးခဲ့တယ်။
အဲ့ဒါကြောင့် ကျွန်မ ဒီနေ့ ဒီအချိန်အထိ သူများပစ္စည်း သူများ ဥစ္စာကို မက်မောမှုဘာမှ မရှိခဲ့ဘူး။ သူများဆီက မပြောနဲ့ လောကကြီးမှာ ကိုယ့်ဆီက အရာတောင် မမြဲပါလား ဆိုတာကို သိတဲ့အတွက် ကိုယ့်ဥစ္စာတောင် ကိုယ်မမက်မော မနှမျောခဲ့ဘူး။
အခုတလော အတွေးနယ်ချဲ့ရင်း.... အတွေးတွေ နယ်ချဲ့တော့ အရေးတွေ မယ်ဖွဲ့ခဲ့တာပေါ့..
peek
Post a Comment