Header Ads

မိန်းမကို အရမ်းနိုင်တဲ့သူ


ကျနော် မိတ်ဆွေ တယောက်ရဲ့ အိမ်ကို သွားလည်တယ် အိမ်ထဲတောင် မ၀င်ရသေးဘူး ။ ခြံအဝ ရောက်ရုံလေးပဲ ရှိသေးတယ်....

" ဟိုကောင်မ အခု လာခဲ့စမ်း "

ဗုဒ္ဒေါ... မြတ်စွာဖျား ပွဲကြမ်းတော့မယ် ထင်တယ်

" ရှင် ဟုတ် ဟုတ်လာပြီ "

" ဒီမှာ ငါ လျှော်ရမယ့် အဝတ်က ဒါ အကုန်ပဲလား "

" ဟုတ်တယ်လေ "

ငှယ် ဘလိုဂျီးတုန်းဟ

" သွား အခု သွားတော့.. စားပွဲပေါ်မှာ ရှမ်းခေါက်ဆွဲ ပြင်ထားတယ်.. သွားစားလိုက် "

အန် ဘယ်လိုတေတောင်လား

" ဇော်ကြီးရေ "

" ဟာ ကျော်ကြီးပါလား.. လာ အိမ်ပေါ်တက် "

" အေး အေး "

" ဟာ ဒီမိန်းမတော့ကွာ
အခုထိ စားလို့ မပြီးသေးဘူးလား "

" ပြီးပြီ "

" အေး ပြီးရင် ပန်းကန် ထားခဲ့လိုက်
ဒီမှာ ဧည့်သည်နဲ့ လာ စကားပြောလိုက်အုံး
ငါ ကော်ဖီ ဖျော်အုံးမယ် "

" လာပြီ "

ဟင် ငါ ငါများ တခုခု ဖြစ်နေတာလား

" ရပြီ သွားတော့
အခန်းထဲမှာ အေးအေး ဆေးဆေး သွားနေစမ်း "

" ဟုတ် "

" ဟျောင့်ရာ ... မင်းက မိန်းမကို တော်တော် နိုင်တာပဲနော် "

" ဒီလောက်ကတော့ အေးဆေး ပါကွာ..
ငါပြောရင် ပြောတဲ့ အတိုင်း ဒီမိန်းမ လိုက်နာရမှာပေါ့..
မယုံရင် အခု ကြည့်နေ..
ငါတချက်လောက် ဟောက်လိုက်တာနဲ့ ဒီမိန်းမ ပြာယာခတ်သွား စေရမယ် "

" ဟေ တယ်ဟုတ်ပါလား ကွ "

" ဟေ့ မိန်းမ "

" ရှင် "

" အခု ရေချိုးတော့..
ငါဧည့်သည် ရောက်နေလို့ နင့်ကို ဂျီးမတွန်းပေး တော့ဘူး..
မြန်မြန်ချိုးခဲ့ ကြားလား..
ငါ သနပ်ခါး သွေးထားလိုက်မယ် "

အလိုလေးဗျာ နိုင်ချက်ကတော့ လန်ထွက်နေတာပဲ

" အေးကွာ ငါ့ကောင်ကြီးရာ
ငါတောင် အတု ယူရမယ့် ပုံစံပဲ "

" ဟား ဟား ဟား.. ဒါတောင် အကင်းလေးပဲ ရှိသေးတယ်နော် "

" အေးဘာကွာ "

မိန်းမကို နိုင်ချက်ကတော့ အံ့သြလောက်ပါပေတယ် .....

KoGyiKyaw

No comments

Powered by Blogger.