Header Ads

ကိုယ့်အားကိုယ်​ကိုးတဲ့ စိတ်နဲ့​ ရှင်​သန်​ပါ


ချစ်​တယ် ​ချစ်​တယ်​နဲ့ ပစ်​ပယ်​သွားတတ်​တဲ့ သူ​တွေ ရှိတယ်​...

စာနာတယ်​ သနားတယ်​နဲ့ နှိမ်​ချသွားတတ်​တဲ့ သူ​တွေ ရှိတယ်​...

ကူညီတယ်​ ကူညီတယ်​နဲ့ အခွင့်​အ​ရေး ယူသွားတတ်​တဲ့ သူ​တွေ ရှိတယ်​....

ချီးကျူးတယ် ​ချီးကျူးတယ်​နဲ့ အပုပ်​ချသွားတတ်​တဲ့ သူ​တွေ ရှိတယ်​....

လောကကြီးထဲမှာ နှုတ်​ဖျားက ပျားသကာလိုချို​နေ​ပေမဲ့ အတွင်းသ​ဘောက ပုပ်​ပွ​နေ တတ်​ကြတာကို သင်​သိထားပါ။

ဘဝသင်​ခန်းစာ ဆိုတာ ကိုယ်​တိုင်​ ကြုံ​တွေ့ ဖြတ်​သန်းဖူးမှ သိတာ ဆို​ပေမဲ့ ကြိုတင် သိရှိထား​တော့ ​ စိတ်​ဆင်းရဲ ဒုက္ခ​ခံစားရမှု ​တွေကို ရှောင်​ရှားနိုင် ​ပါလိမ့်မယ်​။

ဒါ့​ကြောင့် နှုတ်​ခမ်းဖျားက စကား​တွေမှာ သာယာပြီး..
လူတိုင်းကိုလည်း လွယ်​လွယ် ​မချစ်​နဲ့။
လူတိုင်းကိုလည်း အထင်​မကြီးနဲ့။
လူတိုင်းကိုလည်း အယုံမလွယ်​နဲ့။
လူတိုင်းကိုလည်း အားမကိုး မိ​စေနဲ့။

လူဆိုတာ အားနည်းချက်​ကိုမှ ချနင်းသွားတတ်​ကြတယ်​... ​မြေ​ပျော့ရင်​ ​ခြေရာထင်​သလို စိတ်​​ပျော့ရင်​ တစ်​သက်​လုံး ဒဏ်​ရာထင်​ကျန်​​ နေတတ်​တယ်။

မိမိအားနည်း အခက်​အခဲများကို ဘယ်​​တော့မှ ထုတ်​​ဖော် ​မပြပါနဲ့။ အမြဲတမ်း စိတ်​ဓာတ်​မာ​ကျော ရဲရင့်​သူ ဖြစ်​​နေပါ​စေ။

မိမိဘဝကို မိမိကိုယ်​တိုင်​ ​လျှောက်​လှမ်းကြရာမှာ မိမိကိုယ်​ကို အားကိုးပါ ယုံကြည်​ပါ ရဲရင့်​ပါ။ ဇွဲလုံ့လ ဝီရိယထားပါ။ စိတ်​ဓာတ် ​မာ​ကျောပါ။ ဘယ်​အရာကိုမှ ​တွေးမ​ကြောက်​ပါနဲ့။

ဖြစ်​ပျက်​ပြီးခဲ့သမျှ အရာ​တွေကို ပြန်​လှည့် မကြည်​ပါနဲ့။ ​မိမိ ရပ်​​နေတဲ့ ​​ခြေအစုံ နေရာတိုင်းမှာ မိမိ​သွေးသား စိတ်​ဝိညဉ်​တို့ တည်​ကြည် ​ခိုင်​မြဲ​နေပါ​စေ။

မိမိဘဝကို ကိုယ့်အားကိုယ်​ကိုး ကိုယ့်စိတ်​နဲ့ကိုယ် ​ရှင်​သန်​​ပါ။

အညတရလုလင်​(ဗန်း​မော်​)

No comments

Powered by Blogger.