အချိန်ဆွဲထိုးကာ 5 ချီမြောက်မှာ ဂျပန်ကို အနိုင်ရခဲ့တဲ့ အောင်လ (ရုပ်သံ)
ယနေ့ည (၂၉.၆.၂၀၁၈) ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားရုံ ၁ မှာ အောင်လအန်ဆန်ရဲ့ MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲဟာ ပရိတ်သတ်အကြိုက် ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး နှစ်ဦးစလုံး ဇွဲကောင်းကောင်းနဲ့ အပြဲအကွဲ ဖြစ်ခဲ့ပါတယ်။
အချိန်တိုအတွင်း ပြိုင်ဘက်တွေကို အနိုင်ယူခဲ့လို့ လုပ်ပွဲဆိုပီး ဝေဖန်သူတွေကို အောင်လက အချိန်ဆွဲ ထိုးခဲ့ကာ ၅ ချီမြှောက်မှာ ဂျပန်နိုင်ငံသား ဟာဆဲဂါဝါ ကို အနိုင်ရရှိသွားပါတယ်။ အောင်လအန်ဆန်းက ကုလားကားလို အကြာကြီးထိုးမယ် ဆိုတဲ့အတိုင်း မောပန်းနေအောင် ထိုးသတ်ကစားပြီး အနိုင်ယူသွားတာ ဖြစ်ပါတယ်။
ပြိုင်ဘက် ဂျပန်သမားကို ၅ ချီမြှောက်အရောက် အနိုင်ယူအပြီးမှာ " ကုလားကား ကောင်းလား" ဆိုပီး ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လက ပြောသွားခဲ့ပါတယ်။ အောင်လရဲ့ အလဲထိုးခဲ့ပုံကို အောက်မှာ ကြည့်နိုင်ပါတယ်။
Post a Comment