တကယ်ချစ်တဲ့ ယောက်ျားနဲ့ လိမ်ညာတဲ့ ယောက်ျားဆိုတာ..
💓💓💓
အလိုက်မသိတဲ့ ယောက်ျားက မင်းဘာစားချင်လဲ ဘာကြိုက်တတ်လဲ မေးမယ်။
အလိုက်သိတတ်တဲ့ ယောက်ျားက ကောင်းပေ့ဆိုတဲ့ စားသောက်ဆိုင်ထဲ လက်ဆွဲခေါ်သွားတယ်… Menu ကို သူကိုယ်တိုင်ကြည့်ပီး မင်းကြိုက်တတ်တာလေးတွေ ရွေးပီး မှာပေးလိမ့်မယ်။
နုံအတဲ့ ယောက်ျားက ဖုန်းဘေလ် ရှိသေးလား ကျန်သေးလား မေးမယ်။
ပါးနပ်တဲ့ ယောက်ျားက တစ်သောင်းကဒ် ဂွက် ဆို လှမ်းထည့်ပေးတယ်။
တန်ဖိုး မထားတတ်တဲ့ ယောက်ျားက မင်းဘယ်လောက် ကိတ်တာ မိုက်တာလို့ ချီးကျုးမယ်… မင်းရဲ့ Body အချိုးအစား ကိုပဲ ခိုက်နေလိမ့်မယ်။
တန်ဖိုး ထားတတ်တဲ့ ယောက်ျားက မင်း အတိုအပြတ် ဝတ်မိရင် ပွစိပွစိ ပြောပါလိမ့်မယ်။ အနေအထိုင် မတတ်ရင် အစ်ကိုလို ဆုံးမပြပါလိမ့်မယ်။
ဟန်ဆောင်တဲ့ ယောက်ျားက မင်းရှေ့မှာတော့ စကားနားထောင်ပြ လိမ္မာပြမယ်။ နောက်ကွယ်ကျမှ လုပ်ချင်တာ လုပ်မယ်။
ရိုးသားတဲ့ ယောက်ျားက မင်းရှေ့မှာ ကလန်ကဆန်လုပ် အော်ဟစ်တတ်ပေမယ့် နောက်ကွယ်မှာ ဘာတစ်ခုမှ Foul မလုပ်ဘူး။
တစ်နပ်စား ကြံမယ့် ယောက်ျားက ဖုန်းထဲမှာကျ ရွှန်းရွှန်းဝေအောင် လွမ်းပြတယ်။ လူချင်းတွေ့ရင် ဖုန်းကို သူ့မယား အမှတ်နဲ့ ငုံ့သုံးနေမယ်။
တစ်သက်တာ ရည်ရွယ်ထားတဲ့ ယောက်ျားက ဖုန်းထဲကနေ Over တွေ သိပ်လုပ်မပြဘူး။ အပြင်မှာ တွေ့မှ အသေအလဲ ချစ်ပြတတ်တာမျိုး။
ပိန်းတဲ့ ယောက်ျားက Anni တွေ မွေးနေ့တွေဆို ဖုန်းဆက်/ စာပို့ပဲ လုပ်တယ်။
သိပ်တော်တဲ့ ယောက်ျားက Anni တွေ မွေးနေ့တွေဆို Surprise လုပ်ပေးတယ်။
သုံးစားမရတဲ့ ယောက်ျားက မင်းငိုတာကို Game အဆော့မပျက် ကြည့်နေရက်တယ်။
တစ်ကယ် ချစ်တဲ့ ယောက်ျားက မင်းကို ခြင်တစ်ကောင် ကိုက်သွားရင်တောင် သူမကြိုက်ဘူး… မင်းဘဝ တစ်ခုလုံးကို ဂရုတစိုက်နဲ့ Control ပေးပြပါလိမ့်မယ်။ ။
s_m
Post a Comment