ကိုယ့်ချစ်သူကို ဒီအချက် (5) ချက်နဲ့ ချစ်ပါ...
ကိုယ့်ဘေးက လူတယောက်ကို ဘယ်လို ချစ်သင့်လဲ..
ကိုယ် မဟုတ်တဲ့ တခြားလူ တယောက်ကို အချစ်မှန်နဲ့ ချစ်တတ်ဖို့က လွယ်လွန်းတဲ့ ကိစ္စတော့ မဟုတ်ဘူး ။ ဒီလို ချစ်ဖို့ ကလည်း ပြောရင်သာ လွယ်တာလေ ။ တကယ် လက်တွေ့မှာက အဲ့လိုစိတ် ထားနိုင်ဖို့ အကြိမ်ကြိမ်လွဲချော် ၊ အကြိမ်ကြိမ် မှားမိဦးမှာဘဲ ။
Sweetie ဆိုလည်း အရင်ကဆို အခုရေးတဲ့ အချက်တွေ ထဲက လိုဘဲ မနေခဲ့မိဘူး ။ အမှားတွေ အရမ်း များခဲ့တယ် ။ မှားလေ အမှန်ကို သိလာလေ ။ အကြိမ်ကြိမ် မှားတယ် ။ အကြိမ်ကြိမ် ပြန်စဉ်းစားတယ် ။ ပြန်ပြင်ယူရတယ် ။ အဲ့လိုနဲ့ဘဲ အခုဆိုရင် အမှား သိပ်မလုပ်မိတော့ဘူး ။
Sweetie ရဲ့ ဗီတာမင်လေးတွေလည်း ကိုလုပ်နေတဲ့ လုပ်ရပ်တွေ မှားနေလဲ စိတ်မကောင်း မဖြစ်ပါနဲ့ ။ ဘယ်သူမှ အမှား မလုပ်ဘဲ စင်းလုံးချော မရှိပါဘူး ။ ပြောတာလဲ များသွားပြီ ဆိုတော့ အကြောင်းအရာလေးကို ပြန်ပြောကြ ရအောင်နော် ။
လူတယောက်ကို ချစ်တဲ့ အခါမှာ
(1) ကိုယ့်ချစ်သူကို " သူ " လို့ပဲ လက်ခံပြီး ချစ်ပါ
လူတယောက်ကို ပြင်ယူဖို့ အရမ်း မကြိုးစားပါနဲ့ ။ အဲ့လို လုပ်တဲ့အခါ သူလည်း ပင်ပန်းရသလို ကိုယ်လည်း စိတ်မောရ ပါတယ် ။ နှစ်ဖက်လုံး အတွက် မကောင်းပါဘူး ။ ဒီနေရာမှာ နားလည်မှု ပါရတာပေါ့နော် ။
လူတယောက်ရဲ့ အကျင့်တွေ ဗီဇတွေကို တခုလုံး ပြောင်းလဲဖို့က ကိုဘယ်လောက်ပဲ လုပ်ယူပါစေ သူ့ရဲ့ စိတ်ရင်းက ပြောင်းလဲချင်စိတ် မရှိသရွေ့ ပြောင်းလဲလို့ မရပါဘူး ။ အဲ့ဒါကြောင့် သူဘယ်လို ပုံစံပါလား ဆိုတာကို လက်ခံပြီး အချိန် တခု ကိုစောင့်ပါ ။ limit တော့ ရှိပါစေ ။ ကိုယ့်ကို ချစ်တဲ့သူ ကတော့ လုပ်ယူစရာ မလိုဘဲ သူ့ဟာသူ ပြောင်းလဲလာ ပါလိမ့်မယ် ။
(2) ချစ်သူ နှစ်ယောက်ကြားမှာ စည်း လေး ရှိပါစေ
ချစ်သူဆိုတာ အရင်းနှီးဆုံး လူတွေ ဆိုတော့ ဘာမဆို အကုန် သိရမယ် ဆိုပေမဲ့ တချို့ အကြောင်းအရာလေးတွေမှာ အဆင်မပြေ ပါဘူး ။ သူ့ကို အသိပေးသင့်တဲ့ ကိစ္စတွေ ရှိသလို အသိမပေးသင့်တဲ့ ကိစ္စတွေလည်း ရှိပါတယ် ။ ( မိသားစု အတွင်းရေးပဲ ဖြစ်ဖြစ် ) စည်း ဆိုတာ သူ့ဘဝနဲ့ ကိုယ့်ဘဝကြားမှာလဲ လိုအပ်ပါတယ် ။
သူ့ကို ချစ်ရင် သူ့ဘဝနဲ့ သူ့အချိန်တွေကို အပိုင်ယူဖို့ မကြိုးစားပါနဲ့ ။ သူ့ဘဝ တခုလုံးကို ခြယ်လှယ်ခွင့် ရမှ ချစ်တာ မဟုတ်သလို သူ့အချိန်တွေ အကုန် ကိုယ့်ကိုပေးမှ ပျော်စရာ ကောင်းတာလည်း မဟုတ်ပါဘူး ။ သူ့မိသားစု သူ့သူငယ်ချင်းတွေနဲ့လဲ Spend Time ရှိသင့်ပါတယ် ။ မအားဘူး ဆိုတဲ့ အကြောင်းပြချက်ကို အမြဲတမ်သုံးနေတဲ့ လူတော့ မပါဘူးပေါ့နော် ။ အပြန်အလှန် တွေးပေးရမှာဘဲလေ ။
စည်း ဆိုတဲ့ စကားလုံးမှာ အဓိပ္ပာယ် အများကြီး ပါပါတယ် ။ အဲ့အထဲမှာ တယောက်နဲ့ တယောက်ကြားက ထားသင့်တဲ့ လေးစားမှု ( ဘောင်မကျော်သင့်တဲ့ အပိုင်းတွေ ) လည်း ရှိပါတယ် ။
ဥပမာဆို တဖက်လူရဲ့မိသားစုကို စော်ကား ပြောဆိုတာမျိုး ၊ ကိုယ့်ကို ချိုးနှိမ်ချင်ပြီး သူ့ဂုဏ် ဖော်တာမျိုးတွေက အရမ်း အထင်သေးစရာ ကောင်းပြီး ရှက်သင့်တဲ့ လုပ်ရပ်ပါ ။
(3) သူ့ဆီက အရမ်း မမျှော်လင့် ပါနဲ့
ကိုယ် ချစ်ရတဲ့ ချစ်သူရဲ့ Character သည် တခြားသူရဲ့ ချစ်သူ Character နဲ့ မတူပါဘူး ။ မွေးချင်း အမွှာတွေတောင် ထပ်တူ မရှိတတ် ပါဘူး ။ အခု အရမ်းဖြစ်လေ့ ရှိတာက Social Media က တက်လာသမျှ အားကျတတ် ကြတယ် ။ ဘယ်သူကတော့ ဘယ်လို ချစ်ပေးတာ ဆိုတာ မျိုးပေါ့ ။
ဘယ်သူကတော့ ဘယ်လို အချစ်ခံရတယ် ။ ကံကောင်းလိုက်တာ ဆိုတာ မျိုးတွေ ဖိအားတွေ မလုပ်ပါနဲ့ ။ မပေးပါနဲ့ ။ Social Media ပေါ် တက်လာသမျှရဲ့ တဖက်မှာ Reality ဆိုတာ ရှိပါတယ် ။ အဲ့ဒီမှာလည်း ကိုယ်မသိတဲ့ တဖက်က အဖြစ်အပျက်တွေ ၊ အကြောင်းအရာတွေ မပြည့်စုံမှုတွေ အများကြီး ရှိပါတယ် ။
အင်တာနက်က ဘ၀မဟုတ်ပါဘူး ။ နောက်ပီးတော့ အဲ့လို လုပ်ယူ ဖန်တီးထားတဲ့ အရာတွေကို အားကျပြီး မမျှော်လင့်ပါနဲ့ ။ သူ တတ်နိုင်သလောက် ကြိုးစားပေးရှာတာ ၊ သူက ရှိသလောက်လေးနဲ့ ဖြည့်ဆည်းပေးတာကို တန်ဖိုးထားပါ ။ သူများတွေ ၃, ၄ , ၅ သိန်းတန်တွေ သုံးနိုင်ဖြုန်းနိုင်တဲ့ အချိန်မှာ ကိုယ့်အတွက်နဲ့ ၁ , ၂ သောင်း ဖြည့်ဆည်းပေးနိုင်လည်း သူ့ရဲ့ ကြိုးစားပေးမှု အပေါ် တန်ဖိုးထားပေးပါ ။
(4) နွေးထွေး အားပေးတဲ့ စကားလုံးတွေကို အသုံးချပေးပါ
ချစ်စကား ကြိုက်စကားတွေ မှာပဲ အသုံးမချဘဲနဲ့ သူ့ဘဝ တိုးတက်ရာ အကြောင်းအရာလေးတွေ ပြောဆို တိုင်ပင်တာမျိုး ၊ ညှိယူဖို့ လိုနေတဲ့ ကိစ္စတွေကို အေးအေး ဆေးဆေး နားဝင်အောင် ပြောပြတာမျိုး တွေမှာ ပိုပြီး အသုံးချပါ ။ ကိုယ်က အကျိုးရှိတာတွေ လုပ်လေ ကိုယ့်အတွက် အကျိုးရှိတာ ဖြစ်လေပါ ။
(5) စွန့်လွှတ်တတ် ပါစေ
ကိုယ်က အရမ်းချစ်လို့ ၊ သူကိုယ့်အနားမှာ ရှိနေတာ ကိုယ်က ပျော်နေပေမဲ့ သူ့အတွက် ပျော်စရာ မဟုတ်တော့ပဲ မွန်းကြပ်နေရင်တော့ ကိုယ့်အနားက ထွက်သွားခွင့် ပေးလိုက်ပါ ။ မပိုင်ဆိုင်ရလဲ ချစ်လို့ ရပါတယ် ။ ကိုယ့်အတ္တ တခုအတွက်နဲ့ သူများ ပျော်ရွှင်မှုကို မဖျက်စီးသင့် ပါဘူး ။
ဒီစာလေးထဲ ရေးထားတဲ့ အချက်လေးတွေက မိန်းခလေး ချစ်သူပဲ ဖြစ်ဖြစ် ယောကျာ်းလေး ချစ်သူပဲ ဖြစ်ဖြစ် လိင်တူ ချစ်သူစုံတွဲလေးတွေ အတွက်ရော အချစ်မှန်နဲ့ ဘယ်လို ချစ်ရမလဲ ဆိုတာ အကူအညီ ဖြစ်မယ်လို့ မျှော်လင့်ပါတယ် ။
အချစ်စစ် အချစ်မှန်ရဲ့ အရိပ်အောက်မှာ အေးချမ်းပါစေနော် ....
Sweetie
Post a Comment