Header Ads

ဆယ်တန်းကျတဲ့ သားကို သင်ခန်းစာပေးတဲ့အဖေ


" အ​ဖေ.. သား ဆယ်​တန်း ကျတယ် ​"

နွားစာ​ကျွေး​နေ​သော အ​ဖေ ရုတ်​တရတ် ​တုံ့သွားသည်​......

မီးဖို​ချောင်​ထဲ ထမင်းချက်​​နေ​သော အ​မေက ကြားလိမ့်​မည်​မထင်​။

အ​ဖေ စကားတလုံးမှ မ​ပြောပဲ ကျ​တော့်​ကို စူးစိုက်​ကြည့်နေသည်​။

" ဟိုးမှာ​တွေ့လား ငါ့သား!!!

ဓား ၂​ ချောင်းစီ ကျ​တော့်ကို ညွှန်​ပြသည်​ (စကားလမ်းကြောင်း လွှဲလိုက်​သည်​ဟု ကျ​တော်​ထင်​)

" လှည်း​ပေါ်တင်​ကွာ အ​ဖေနဲ့​ လယ်​​တောခဏ လိုက်​ခဲ့ အ​င်္ကျီထူထူ ယူခဲ့ "

နွားညိုသိုးကြီး ၂​ကောင်​ကို ဆွဲသွားပြီး အ​ဖေ နွားလှည်းတပ်​​နေပြီ ။ ကျ​တော်​ အ​ဖေ့​နောက်​မှ ၀င်​ထိုင်​လိုက်​သည်​။ (အ​တွေးထဲ ​ကျောင်းများ ထုတ်​လိုက်​သည်​ဟု ထင်​ခဲ့)..

လယ်​​တော​ရောက်​​တော့ အ​ဖေ ကျ​တော့်​ကို ထွန်​တုံးဆင်​​ပေးပြီး ထွန်​ခိုင်းသည်​။ ကျ​တော်​ ​အူ​ကြောင်​​ကြောင်​ဖြစ်​သွားတယ်​။ အ​ဖေ ငါ့ကို တကယ်​များ ​ကျောင်းထုတ်​လိုက်​ပြီလား? ကျ​တော့်ကို တခါမှ အလုပ် ​မခိုင်းဘူးခဲ့တဲ့ အ​ဖေက ဒီလိုလုပ်​​တော့ အံ့သြသွားမိတာ​ပေါ့...

ကျ​တော်​ နွားကို ရိုက်​လိုက်​သည်​။ လယ်​ထဲကို သုံးပတ်​​လောက် ​ပတ်​မိတဲ့အချိန်​ ​ဖြေဖဝါး​တေက ​သွေးကျင်​ဥ လာတယ်​။ ​​နေပူတဲ့ဒဏ်​​ကြောင့်​ ​ချွေးတလုံးလုံးနဲ့ ပင်ပန်းတဲ့ဒဏ်​ကို မခံစားနိုင်​ ​တော့ဘဲ ကျ​တော်​ ယိုင်​ကျသွားသည်​။

" ငါ့သား ...... အ​ဖေတို့ မင်းလို ပညာ မသင်​ခဲ့ရဘူး.. ပညာဆိုလို့ ၄တန်းပဲ ​အောင်​ခဲ့တာ မင်းကို ​ကျောင်းထားတယ်​ ဆိုတာ အ​ဖေတို့လို ပင်ပန်းမှာဆိုးလို့...... ငါ့သားသမီး​တွေ ငါ့လို မဖြစ်​ရ​လေ​အောင် ​ဆိုပြီး အ​ဖေတို့ မင်းကို ​ဘော်​ဒါ​ဆောင်​မှာ ​ကောင်း​ကောင်းထား ပြီး စာသင်​ခိုင်းခဲ့တာ.....

အ​ဖေတို့ မင်းဆီက ဘာမှ​ မျော်​လင့်​ချက်​မရှိဘူး.. ငါ့သားသမီး ငါ့လို ပင်​ပင်​ပန်းပန်းနဲ့ မလုပ်​စား​စေချင်​လို့...... ​နောင်​တချိန်​မှာ မင်းဘ၀​လေး သာယာလှပဖို့ " (​ပြောရင်းနဲ့ အ​ဖေ့သံက ငိုသံပါသလိုလို ခံစားရ)

ကျ​တော့် နောင်​တနဲ့အတူ မျက်​ရည်​​တေ ကျလာ ခဲ့သည်​ (စာမကျက်​မိသည်​များကို) ... ဟိုးအ​ဝေးက အ​မေ တလူပ်​လူပ်​နဲ့ ထမင်း​ထောင်းကို ရွတ်​လာတာ မြင်​​နေမိသည်​။

အ​ဖေ့ကို ထာဝရစဉ်​ ​လေးစားလျက်

Credit to ​ပေတူ

No comments

Powered by Blogger.