Header Ads

ဆရာမလေးတော့ ခံလိုက်ရပြီ


မူလတန်း စာသင်ခန်းထဲတွင် ဖြစ်သည် ...

" ဟဲ့ ဖိုးခင် ... ဘာဖြစ်လို့ စာသင်တာနဲ့ ငိုက်နေတာလဲ "

" ကျနော့ အဖေက ရဲစခန်းကိုရောက် ၊ အမေကတော့ ဆေးရုံကို ရောက်နေလို့ပါ ဆြာမ "

" အော် ... ဒါဆိုလည်း နားလေ သားလေး ၊ ဒီနေ့တော့ စောစော နားလိုက်တော့ "

ဆရာမလေးက သနား သွားပြီး စိန်ဖိုးခင် ကို နားခွင့် ပြုလိုက်သည် ။

စိန်ဖိုးခင် အခန်းအပြင်ကို ထွက်သွားတာနဲ့ ဆရာမလေးမှ တပည့်များအား

" အော် ... သူ့အဖေ အမေ သနား ပါတယ်နော် ၊ ဘာဖြစ်လို့လဲ ဆိုတာ ဘယ်သူ သိကြသလဲ "

ထိုအခါ ...
ကျောင်းသားလေး တယောက်က ပြန်ဖြေတယ် ။

" ဆရာမရယ် သူ့အဖေက ရဲ ၊ သူ့အမေက သူနာပြုလေ "

" ဘာ .... သွား အဲ့ မသာလေးကို ပြန်ခေါ်ကြစမ်း "

Credit

No comments

Powered by Blogger.