ချစ်သူသက်တမ်း ကြာလာတာနဲ့အမျ ပြတ်ဆဲဖို့များလာတာ သင်သိပါသလား
ချစ်သူသက်တမ်း ကြာလာတာနဲ့ အမျှ ပြတ်စဲဖို့ အခွင့်အလမ်း များတယ် ဆိုတာ သင်သိပါသလား .. ယူနိုင်ရင်ယူ မယူနိုင်သေးလို့ကတော့ .. ကြာလေမြဲလေ မဟုတ်ဖူး .. ကြာလေ ပြတ်လေ ဖြစ်လာမှာ ..
အချိန်အကြာကြီး တွဲဖူးရင် သိပါတယ် .. ပိုချစ်ရမှာထက် ပိုသတ်လာတယ်.. ပို ဂရုစိုက်ရမှာထက် ပိုပလပ် ခံလာရတယ်.. ပိုလွမ်းရမှာထက် ပိုနေနိုင် လာတယ်.. ပိုနားလည် ပေးရမှာထက် ပိုပီး ဒေါသကြီး လာရတယ်..
အလကားပါကွာ .. အာ့ တကယ်မချစ်လို့လို့ မထင်နဲ့ တကယ် ချစ်တဲ့ သူတွေမှာပဲ ဖြစ်လာတာ 😪 ချစ်လွန်းလို့ ဆုံးရှုံးရမှာ ကြောက်တဲ့စိတ် .. Overthinking ..
အတ္တတွေ မာနတွေ ပြိုင်လာတဲ့ အခြေအနေ .. ဒါတွေက သက်တမ်းကြာတဲ့ အတွဲတွေကြားမှာ ဖြစ်နေကြတွေပဲ .. ရင်ဆိုင်ဖြေရှင်းဖို့က .. နှစ်ခုပဲရှိတယ် Stay or Leave ဆက်တွဲဖို့ ဆုံးဖြတ်ထားရင်တော့ သူချော့မှ ကိုယ်ပျော့မယ်.. သူခေါ်မှ ကိုယ်ခေါ်မယ် ဆိုတဲ့ အတ္တ တွေဖျောက်မှ ရမယ်..
သူက ယောက်ျားပဲ သူအရင် ခေါ်ပေါ့.. သူအမှား လုပ်တာလေ ငါက ယောက်ျားလေးမလို့ ငါကချည်း ခေါ်နေရမှာလား .. မာနတွေလည်းဖျောက် မပီးသေးဖူး .. အရင်က အပျော်သဘောနဲ့ စိတ်ကူးယဉ်ခဲ့တဲ့ အိမ်ထောင်ပြုမယ့် Plan ကို အကောင်အထည်ဖော်သင့်ပီ..
Plan မရှိဘဲ ဆက်တွဲနေရင် ခဏပဲ နောက် ထပ်သတ်ရမှာပဲ .. သတ်တာ များလာရင်တော့ ပြတ်မှာ သေချာပီ 😂 ရန်ဖြစ်ပြန်ချစ်ဆိုတာ တွဲခါစလေးပဲ ကောင်းတယ် အတ္တတွေ မာနတွေ ဒေါသတွေ မဖျောက်နိုင်ရင်တော့.. Sign To Break Up and Leave 😅
သက်တမ်းကြာနေတဲ့ အတွဲတွေ Cheers 🍺🍺🍺
မူရင်းပိုင်ရှင်ကို credit ပေးပါတယ်
Post a Comment