Header Ads

တဖက်သတ် ဆိုတာမျိုးက နာကျင်ဝမ်းနည်းရတယ်


Facebook လေး ဖွင့်လိုက်တာနဲ့ သူ့ရဲ့ အကောင့်ထဲ အရင်ဆုံး ဝင်ကြည့် မိတယ် ။ တခါတလေ သူတင်တဲ့ status တွေက တယောက်ယောက်ကို ရည်ရွယ်ထားတာ တွေ့ရရင် ဝမ်းနည်းရတယ် ။

သူ့ ပုံတွေ အောက်က Comment တွေဆို ဘယ်လောက်ပဲ အင်တာနက်လိုင်း စုတ်ပျက်နေပါစေ အစကနေ အဆုံးထိ ဝင်ဖတ် ကြည့်တယ် ။ တခါတလေ သူ့နဲ့ အီစီကလီတွေ ပါလာတဲ့ အခါ အရမ်း သဝန်တိုမိတယ် ။ ဒါပေမယ့် ကိုယ်က ပြောပိုင်ခွင့် မရှိဘူးလေ ... ။

သူ့ Facebook အကောင့်လေးက စိမ်းနေရင် ခေါ်ရမလား မခေါ်ရမလား တွေးနေရင်းနဲ့ အကြိမ်ကြိမ် အချိန်တွေ ကုန်သွားဖူးတယ် ။ တခါတလေ အရဲ စွန့် စပြီး ခေါ်လိုက်တော့လဲ Seen ပြပြီး ပြန်မပြောတဲ့ အခါ သေလောက်အောင် ခံစားရတယ် ။

တဖက်သက် ဆိုတာ မျိုးက တကယ့်ကို နာကျင် ရတတ်ပါတယ် ။ ဝမ်းနည်းခြင်းတွေ မြိုသိပ်ထား ရတယ်  ။ သဝန်တိုမှုတွေ ဥပေက္ခာ ပြုရတယ် ။ တိတ်တိတ် ကလေး ငိုခဲ့ ရတယ် ။ ခံစားဖူးတဲ့ သူတိုင်း ကိုယ်ချင်းစာမိလိမ့်မယ် ။

ကိုယ်က သူ့ကို အရင် တွေ့ရဲ့သားနဲ့ " သူ့ကမှ မခေါ်တာ " ဆိုပြီး ကိုယ်ပါ မျက်နှာလွှဲလိုက်လို့ လွဲခဲ့ကြတာလည်း မာနကြောင့် ပါပဲ ။ ကိုယ်ကအရင် အလျော့ပေးလိုက်ရင် ပြီးရဲ့သားနဲ့ " သူတောင်မှ တင်းသေးတာပဲ " ဆိုပြီး ကိုယ်ပါ ချေလိုက်လို့ အနေမမိုက်တော့တာလည်း မာနကြောင့်ပါပဲ ။

ကိုယ်ဘက်က အရင် တောင်းပန်လိုက်ရင် ပြီးရဲ့သားနဲ့  " သူ အထင်သေးမှာ တွေးပြီး မှေးနေခဲ့လို့ " ဝေးခဲ့ကြတာလည်း မာနကြောင့် ပါပဲ ။ ကိုယ်ကအရင် ခွင့်လွှတ်လိုက်ရင်ပြီးရဲ့သားနဲ့ " သူ့ကို အရှုံးပေးရာ ကျတယ် " ဆိုပြီး ခွင့်မလွှတ် နိုင်လို့ စွန့်လွှတ်လိုက်ရ တာလည်း မာနကြောင့်ပါပဲ ။

ကိုယ်ဘက်က အရင်ဆုံး အောက်ကျို့လိုက်ရင် ပြီးရဲ့သားနဲ့ " မရှိမာန်တော့ အထိ မခံဘူး " ဆိုပြီး အောက်မကျို့နိုင်လို့ နောက်ပို့ ခံလိုက်ရ တာလည်း မာနကြောင့် ပါပဲ ။ အရင်းစစ်တော့ စာခံနေတာရယ်၊ မာထန်နေတာရယ်၊ ငါခံနေတာတွေရယ် ကြောင့်ပါပဲ ။

သတိမပါတော့ အရှိကို ငါထင် မာနတွေ အခါခါ ဝင်ရင်း နာကျင်ခြင်းတွေ နဲ့ ခရီးဆက်၊ မပြီးပြတ်နိုင်တဲ့ သံသရာ၊ အဖန်ဖန် နာဖို့ပဲ ရှိတော့တာပေါ့ ။

Kurneair Zion (Kz)

No comments

Powered by Blogger.