Header Ads

ချစ်လို့ပြောပြတာပါ ညီမလေး .....


ဖော်ပြမှ ကျော်ရတာကို အတော်လှတယ် မထင်နဲ့ ။ အဲ့ဒါ ညှော်နံ့ မကင်းတဲ့ ဘဝပါ ညီမလေး .....

အတွေးမှားတွေနဲ့ စဉ်းစားပြီး အသွေးအသားကို ဈေးစကားနဲ့ ကြီးပွားချင်တာလား ညီမလေး .....

အသိတရား ဥာဏ်ယှဉ် ၊ သတိထား ဆင်ခြင်ပါ ညီမလေး .....

ခေတ်စရိုက်ကို နှစ်ခြိုတ် အဝတ်ဟိုက်မှ လှတယ်ထင် ၊ အတုလိုက်မယှဉ် ပါနဲ့ ။

ပေါ်ပင်စကားအထာက တော်ဝင် စကား ဖြစ်တာ မဟုတ်ဘူး ၊ အပြစ်အနာကင်းအောင် နေပါ နာ် ညီမလေး .....

ဘဝအရေး ဆိုတာ ခဏလေးတွေးလို့ မဖြစ် စီစစ်နိုင်မှ တော်ကာကြတာ  ဆူးကျဖတ်ပေါက်ဘဝမို့ တစ်ချက်မှောက်မမှားစေပဲ အရှက် အကြောက်တရားတွေကို အသက်လောက် တန်ဖိုးထားပေးပါနော် ညီမလေး .....

အပြင် အဆင် ယဉ်ပါ အသွင်သူကြင်ပါ လင် ကောင်းမှစံ ဆိုတာ ကိုယ့် အကြောင်းမှန်မှ အကျိုးပြန်ရတာမျိုးပါ ရင်ကျိုးစေတဲ့ အဖြစ်ဆိုး မတိုးပါစေနဲ့နော် ညီမလေး...

မြန်မာ အမျိုးအလှတွေကို ကမ္ဘာက အတုခိုး မြတ်နိုးနေကြပီ တန်ဖိုးသိမှ တန်ဖိုးရှိ တန်ဖိုးထားမှ တန်ဖိုးများ အပြန် အလှန်စဉ်းစားပါနော် ညီမလေး...

ယာဉ်ပါးပါး သင်ကြားပေးတဲ့ မိဘတွေ ညီမလေးကြောင့် အရှက်မရပါစေနဲ့ နော် ညီမလေး...

ပြန်လည်မျှဝေပါသည်...

Credit မူရင်း

No comments

Powered by Blogger.