အချစ်နဲ့ ဘဝကို အောင်မြင်အောင် တည်ဆောက်ပါ
ကောင်လေးတွေရဲ့ အားနည်းချက် တခုကတော့ ကိုယ့်ချစ်သူက တခြား ကောင်လေးတွေ ကောင်းကြောင်း တော်ကြောင်း ခဏခဏ လာပြောတာကို မကြိုက်ဆုံးပဲ ။
နံမယ်ကြီး အဆိုတော်တွေ နိုင်ငံခြားက မင်းသားတွေ သရုပ်ဆောင်တွေကို အားပေးတာ လက်ခံနိုင် ပေမယ့် ဘယ်ကောင်လေးက ဘယ်ကောင်မလေးကို ဘယ်လိုတွေ ဝယ်ပေးတာ စပရိုက်လုပ်တာ ဘယ်လို ထားတာ အားကျလိုက်တာ လို့ ချစ်သူက လာပြောတာကို ဘယ်ကောင်လေး ကမှ ကြိုက်မယ် မထင်ပါဘူး ။
ကိုယ်က ကိုယ့်ချစ်သူကို သူများတွေလို လုပ်ပေးနိုင်ချင်မှ လုပ်ပေးနိုင် ပါလိမ့်မယ် ။ ဒါပေမယ့် ကိုယ်ချစ်သူအပေါ် ချစ်တဲ့ အချစ် ကတော့ ဘယ်သူ့ထက်မှ မလျှော့ပါဘူး ။ လူဆိုတာမျိုး ကလည်း သူ့အကျိုးပေးနဲ့ သူ ကိုယ့်အကျိုးပေးနဲ့ ကိုယ်ပ် ။
နောက်ပြီး လုပ်တိုင်းလည်း ဖြစ်တာ မဟုတ်ပါဘူး ။ ဒါပေမယ့် မလုပ်ဘဲနဲ့ လည်း နေလို့မရပါဘူး ။ ကံ၊ ဥာဏ်၊ ဝီရိယ တို့ ပေါင်းစုံမိတဲ့ အခါကြရင် ကိုယ်ကြိုးစားသမျှ အရာ အားလုံး အဆင်ပြေသွား မှာပါ ။
လူ တယောက်နဲ့ တယောက် ဘယ်အရာကိုမှ ယှဉ်လို့မရပါဘူး ။ ယှဉ်စရာလည်း မဟုတ်ပါဘူး ။ ကိုယ့် အားနည်းချက်က သူ့ရဲ့ အားသာချက်လည်း ဖြစ်သွားနိုင်တာပဲ ။ သူ့ရဲ့ အားနည်းချက်က ကိုယ့်ရဲ့ အားသာချက်လည်း ဖြစ်နိုင်တာပဲ ။
ကိုယ်ရဲ့ လက်မှာတောင် အတိုအရှည် ရှိတာပဲ ။ အဓိက ကတော့ ကိုယ်ရတဲ့ ဘဝကို ကိုယ်ကျေနပ်ဖို့ ပါပဲ ။ ဒါက အရေးအကြီးဆုံးပဲ ။ နောက်ပြီး မိန်းခလေး တယောက်အနေနဲ့ ကိုယ့်ချစ်သူ ကောင်လေးကို ဘယ်မိန်းခလေးနဲ့မှ မစွပ်စွဲမိပါစေနဲ့ ။ ကိုယ်က လက်ဆုပ်လက်ကိုင် ပြနိုင်အောင်တော့ ကြိုးစားလို့ ရပါတယ် ။
နောက်ပြီးတော့ ကိုယ် မယုံကြည်တဲ့သူနဲ့ ဆက်ပြီးတော့ လက်မတွဲပါနဲ့ ။ ကိုယ့်ရဲ့ ချစ်သူကို ကိုယ့်ရဲ့ သဝန်တိုမှုကြောင့် ဝန် မပိ ပါစေနဲ့ ။ အချစ်အတွက်ကြောင့် စစ်မဖြစ်ပါစေနဲ့ ။ အချစ်ကြောင့် ငြိမ်းချမ်းရေးသာ ဖြစ်ပါစေ ။
Credit

Post a Comment