ဒီလိုသားသမီးတွေရှိတော့ နောင်ရေး စိတ်အေးရပီလေ
သားအငယ်ဆုံး ကောင်က အင်ဂျင်နီယာ ။ မီးလာတုန်း အိမ်ရှေက မီးခလုတ်လေး ဖွင့်လိုက်ပါ ဆိုတာကို သူ့မှာ PE လက်မှတ် မရသေးလို့ သူ ထောင်ကျနိုင်တယ် တဲ့ ... မဖွင့်ဘူး တဲ့ ။ သူ့ ရဲ့ အခန်းထဲက မီးတောင် အဖွင့်အပိတ် ကျုပ်က သွားလုပ်ပေး ရတယ် ။
အငယ်ကောင့် မိန်းမကျတော့ ကျောင်းဆရာမ ။ ငါ့မြေးလေးကို အိမ်မှာ စာလေး သင်ပေးပါ လို့ ပြောတာကို ပါတိတ် ဝမ်းဆက် ရမှတဲ့ ။
အလတ်မ က ဆရာဝန် ။ ကျုပ်မှာ ဇက်ကြောလေးတက်၊ ခေါင်းလေး ကိုက်လို့ ဆေးလေး တခွက်လောက် စပ်တိုက်ပါ ဆိုတာကို ဆ၊မ မရသေးလို့ မတိုက်နိုင်ဘူးတဲ့ ။ ကျုပ်ဘာသာ လမ်းထိပ် ကွမ်းယာဆိုင်က ဆေး သွားဝယ်သောက် ရတယ် ။
အလတ်မရဲ့ ယောက်ကျားကတော့ အရံမီးသတ် ။ နေ့ခင်း ရေနွေးလေး သောက်ချင်လို့ မီးမွှေးမိတာ ဒဏ်လာရိုက်လို့ ပေးလိုက်ရ သေးတယ် ။
အဲ နို့ညှာကောင်က ယာဉ်ထိန်းရဲ ။ အိမ်မှာ လိုင်စင်မဲ့ ဆိုင်ကယ်လေး တစီး ရှိတာ သူ့ကို လိုင်းကြေး ပေးပြီးစီးနေ ရတယ်။ မပေးရင် ဖမ်းမယ် တကဲကဲ လုပ်နေလို့ ။
အလတ်မ အောက်က ကောင်က ယာဉ်မောင်း ။ တဖက်မြို့က မင်းအဘိုး အဘွားတွေ ဆီကို ဒေသထွက်လေး သွားပို့ ခိုင်းတာ နယ်ကျော် လိုင်စင်မို့ မပို့နိုင်တဲ့ ။
ဒုတိယသားက လ. ဝ. က ။ ဘုရားဖူး သွားချင်လို့ ပျောက်နေတဲ့ မှတ်ပုံတင်လေး ပြန်လုပ်ပေးပါ ဆိုတာကို အဘိုးရဲ့ အဖေ နာမည်နဲ့ မှတ်ပုံတင်နံပတ် ရမှတဲ့။ " ဟ ငါဘယ်လိုလုပ် သိမလဲကွာ " ဆိုတော့ ။ဒီကောင်က မဆိုးပါဘူး ။ လဘ္ဘက်ရည်ဖိုး ပေးတဲ့ ။
နံပါတ် ၅ သားကျက စစ်ဗိုလ် ။ သူ့ coc ထဲက ဂျင်းလေး ထည့်ခိုင်းတာကို အထက် အမိန့်မရ လို့တဲ့ မပေးသေးဘူး ။ အ ခုထိ ။
သားအကြီးဆုံးကတော့ ဘုန်းကြီး။ တရား ဘာဝနာများ အားထုတ်မလား မှတ်တယ်။ ဆန္ဒပြ ပွဲမှာ ချည်းပဲ။ ဘယ်လောက်တောင် မွေးရကျိုးနပ်တဲ့ သားတွေလဲ လို့ ။
အဲ ကျန်သေးတယ် ။ ကျုပ် မိန်းမက အမျိုးသမီးရေးရာ က ။ ဟိုနေ့က ထမင်းစားတော့ ထမင်းလေးက နည်းနည်း မာလိုက်တာနော် ပြောမိတာကို အမျိုးသမီး အခွင့်ရေး စော်ကားပါတယ် ဆိုပြီး ရပ်ကွက်ရုံး သွားတိုင်လို့ ရှင်းလိုက်ရ သေးတယ် ။ ကောင်းရော...
Ko

Post a Comment