Header Ads

မွေးနေ့မှာ သိန်း (8000) တန် ရှိုးရွက်စ်ကား လက်ဆောင်ရသွားတဲ့ စမိုင်းလ်


ချစ်သူအတွက် Surprise မွေးနေ့လက်ဆောင် အဖြစ် သိန်း (8000) တန် ရှိုးရွက်စ်ကား ကို မြန်မာပလာစာမှာ လက်ဆောင်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးဟာ လတ်တလော ဖေ့ဘုတ်မှာ ရေပန်းစားလို့ နေပါတယ်..




မော်ဒယ်မင်းသမီးဟောင်း စမိုင်းလ်ဟာ ခင်ပွန်း ဖြစ်သူနဲ့ ကလေးတွေနဲ့ အတူတကွ မြန်မာပလာဇာကို ရောက်ရှိနေတဲ့ အချိန်မှာ ဘာမှ ကြိုတင်သိထားခြင်း မရှိပဲ အက အဖွဲ့ဝင်တွေရဲ့ ခေါ်ယူမှုနဲ့ အတူ သိန်း ၈ ထောင်တန် ကားကြီးကို ခင်ပွန်းဖြစ်သူဆီက လက်ဆောင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။




ဗီဒီယိုထဲမှာ စမိုင်းလ်ဟာ အတော်လေး အံ့အားသင့်သွားတာကို မြင်ရမှာဖြစ်ပြီး မိတ်ဆွေ သူငယ်ချင်းတွေလည်း surprise ပွဲအတွက် ရောက်ရှိလို့ နေခဲ့ပါတယ်။ အားကျအတုယူစရာ ကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်တို့ မိသားစုရဲ့ ပုံရိပ်လေးတွေဟာ စိတ်ချမ်းသာစရာ ကောင်းလွန်းလှပါတယ်။


from smile' fb

No comments

Powered by Blogger.