Header Ads

နာကျင်လာတဲ့အခါ လွှတ်ချလိုက်ပါ..


ကိုယ်အရမ်း ချစ်ရတဲ့သူနဲ့ ရှိနေလည်း ၀မ်းမသာပါဘူး ။
နောက်ဆုံး တချိန်မှာ စွန့်လွှတ်ခဲ့ရမှာ ဆိုတာ သိပြီးသားပဲလေ ။

ချစ်သူနဲ့ လမ်းခွဲလိုက်ရ လို့လည်း ၀မ်းမနည်းပါဘူး ။
တချိန်ချိန် မှာ ချန်ထားခဲ့ရမှာ သိပြီးသား ပဲလေ ။

ကိုယ်က ရယူ ပိုင်ဆိုင်ခွင့် ရလို့လည်း ဝမ်းမသာပါဘူး ။
တ​ချိန်​ချိန် စွန့်​လွှတ်​ခဲ့ရမှာ ဆိုတာ သိပြီးသားပဲ​လေ ။

လက်​လွှတ် ​ဆုံးရှုံးလိုက်ရလို့လဲ ဝမ်းမနည်းပါဘူး ။
တချိန်ချိန်​မှာ ချန်​ထားခဲ့ရမှာ ဆိုတာ သိပြီးသားပဲ​လေ ။

ချမ်းသာ ပြည့်​စုံ​​နေတဲ့ ဘဝကို ရ​နေလို့လည်း မာနမကြီးပါဘူး ။
တ​ချိန်​မှာ လက်​ဗလာနဲ့​ ပြန်​သွားရမှာ သိပြီးသား ပဲ​လေ ။

မပြည့်စုံ ပဲ ဆင်းရဲတဲ့ ဘဝကို ရ​နေလို့လည်း ဝမ်းမနည်းပါဘူး ။
တ​ချိန်ချိန် ​သွားရမဲ့ လမ်းက တလမ်းထဲ ဆိုတာ သိပြီးသားပဲ​လေ ။

အ​ဖော်​အ​ပေါင်းများစွာနဲ့ ခြံရံ​နေရ လို့လည်း ​ကျေနပ်​မ​နေဘူး ။
တချိန်​ချိန်​ တ​​ကိုယ်​တည်း သွားရမှာ သိပြီးသား ပဲ​လေ ။

အထီးကျန်​ ​နေလို့လည်း ​ကြေကွဲ မ​နေပါဘူး ။
တ​ချိန်​မှာ ဘယ်​သူကမှ ကိုယ်​နဲ့ အတူ မလိုက်​နိုင်​ဘူး ဆိုတာ သိပြီးသားပဲ​လေ ။

ဖြစ်​ချင်​တိုင်း မဖြစ်လို့လည်း​ စိတ်​မညစ်​ပါဘူး။ မဖြစ်​ချင်​တာ​တွေ ဖြစ်​​နေရလို့လဲ စိတ်​ဓာတ် ​မကျပါဘူး။
ဘာ​ကြောင့်လည်းဆိုတော့ မတည်​မြဲတဲ့ ​လောကကြီးမှာ ဘယ်​အရာကမှ ကိုယ်​နဲ့ အတူ အမြဲ ထာဝရ မရှိနိုင်​ဘူး ဆိုတာ သိ​နေလို့ ။

တ​ခါတလေမှာ သံ​ယောဇဉ်​ကို ​ရှောင်​ကြဉ်​သင့်တယ် ​။
ဘာ​ကြောင့်လည်း ဆိုတော့ လူ​တွေက အ​ပေါ်ယံ သက်​သက်​​တွေ များလို့ ။

တ​ခါတလေမှာ ​မေတ္တာတ​ရားကို​ ဖယ်​ချထား သင့်တယ် ​။
ဘာ​ကြောင့်လည်း ဆိုတော့ လူ​တွေက တန်​ဖိုးမထားတတ်​လို့။

တ​ခါတလေမှာ ကိုယ်​ချင်းစာ တရားကို ​မေ့ထား သင့်တယ် ​။
ဘာ​ကြောင့်လည်း ဆိုတော့ လူ​တွေက အတ္တသမား​တွေ များလို့။

တ​ခါတလေမှာ ကရုဏာမထားဘဲ မသိသလို ​နေသင့်တယ် ​။
ဘာ​ကြောင့်လည်း ဆိုတော့ လူ​တွေက ရက်​စက်​ တတ်​လို့ ။

တ​ခါတလေမှာ မုဒိတာတရားကို​ ခဏ ​မေ့ထား သင့်တယ် ​။
ဘာ​ကြောင့်လည်း ဆိုတော့ လူ​တွေက မငဲ့ညှာတတ်​လို့။

တ​ခါတလေမှာ ချစ်​ခြင်းတရားကို ​ပစ်​ထားလိုက်​ သင့်တယ် ​။
ဘာ​ကြောင့်လည်း ဆိုတော့ လူ​တွေက ​ပေးဆပ်​ခြင်းနဲ့ မထိုက်​တန်​လို့ ။

တ​ခါတလေမှာ အရာအားလုံး ကိုလွှတ်​ချ ထား သင့်တယ် ​။
ဘာ​ကြောင့်လည်း ဆိုတော့ သူတပါးအတွက်​ ခံစားပြီး မရှင်​သန် ​သင့်လို့ ။

သူက မ​ကောင်းလို့ ကိုယ်​ကလည်း ဆိုးရမယ်​လို့ ပညတ်​ချက် ​မရှိ​ပေမဲ့ ကိုယ်​က ​ကောင်း​ပါရက်​နဲ့ သူကဆိုးလာပြီ ဆိုရင် ​သင်​ လွှတ်​ချခဲ့ပါ​တော့ ။ ဘာ့ကြောင့်လည်း ဆိုတော့ နာကျင်​​နေတာကို သိသိရက်​နဲ့ ဆုပ်​ကိုင်​ ထားရင်​ သင်ပဲ ခံစားရမှာ စိုးလို့ပါ ။

PanThuNge

No comments

Powered by Blogger.