မိန်းမသားတွေ ရဲ့ မူပိုင်ဖြစ်တဲ့ ငိုကျွေးခြင်း ဆိုတာ
(1)
" မေမေက ဘာလို့ ငိုတာလဲဟင် "
" မေမေက မိန်းမသားမိုလို့ ပေါ့ကွယ် "
" အဲ့ဒါကို သား နားမလည်ဘူး "
" ဒါကိုတော့ တသက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ် "
(2)
" ဖေဖေ မေမေက အကြောင်း မရှိဘဲနဲ့ ဘာလို့ ငိုရတာလဲ "
" မိန်းမတွေ ဆိုတာက ဒီလိုပဲ သား "
.
.
.
ကျနော် ကြီးလာတဲ့ အထိ မိန်းမတွေ ဘာလို့ ငိုတယ် ဆိုတာကို နားမလည် ခဲ့ဘူး ။ နောက်တော့ ကျနော် ဘုရားသခင်ကို ဖုန်းဆက် မေးကြည့်တယ် ။
" မိန်းမတွေဟာ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင် "
" မိန်းမတွေကို စတင်ဖန်ဆင်း လိုက်ထဲက သူတို့ကို ထူးခြားအောင် ဖန်တီးခဲ့ ပါတယ် ။ သူတို့ရဲ့ ပုခုံးနဲ့ ကမ္ဘာကြီးကို ထမ်းပိုး နိုင်အောင် ဖန်တီးခဲ့ သလို ရေလို့ ပျော့ပျောင်းနူးညံ့ အောင်လည်း ဖန်တီး ခဲ့တယ် ။ ပူဆွေး ၀မ်းနည်းမှု၊ နာကျင်မှု ၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေ ကိုလည်း ခံနိုင်ရည် ရှိအောင် သူတို့ရဲ့ အတွင်းစိတ်ဓာတ် ကိုလည်း ကြံ့ခိုင်နိုင်အောင် ဖန်တီး ခဲ့တယ် "
" တခြားသူတွေ လက်မြှောက် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ ဇွဲနဲ့ တောင့်ခံ နိုင်ပြီး ကိုယ့်သားသမီးအပေါ် ကိုယ့်မိသားစု အပေါ် နောင်တ မရဘဲ ပြုစု စောင့်ရှောက်ပေးနိုင် ဖို့လည်း ဖန်တီး ခဲ့တယ် "
" ဘယ် အခြေအနေမျိုး မှာပဲ ဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို စော်ကားပြီး စွန့်ပစ်ခဲ့ ရင်တောင် ခွင့်လွတ်ပြီးတော့ ချစ်တတ်ဖို့လည်း ဖန်တီး ခဲ့တယ် "
" ယောက်ျားရဲ့ ပျော့ကွက်တွေ နဲ့ အသုံးမ၀င်မှုတွေ ကို ခွင့်လွတ် သည်းခံပေးပြီး ကာကွယ်ပေးတတ် ဖို့လည်း ဖန်တီး ခဲ့တယ် "
" ယောက်ျားကောင်း တယောက်က ဘယ်တော့မှ ကိုယ့်မိန်းမကို နာကျင်အောင် မလုပ်ဘူး ဆိုတဲ့ အသိဥာဏ်ကို လည်း ထည့်သွင်းပေး ခဲ့တယ် "
" တခါတလေမှာ ယောက်ျားရဲ့ ဆုံးဖြတ်ချက် နဲ့ ခိုင်မာတဲ့ စိတ်ဓာတ် ကို ထောက်ခံ အားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ် "
" နောက်ဆုံး သူမ အလိုကျ သလောက် မျက်ရည် ကျနိုင်အောင်လည်း ဖန်တီး ခဲ့တယ် ။ ဒါဟာ သူပိုင်ဆိုင်တဲ့ တခုတည်းသော အရာ ဖြစ်တယ် "
" မိန်းခလေးတွေ လှတယ် ဆိုတာ သူ ၀တ်ထားတဲ့ အ၀တ်အစား ၊ သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစား နဲ့ သူ့ရဲ့ ချယ်သ ပြင်ဆင်မှုတွေကြောင့် မဟုတ်ပါဘူး ။ မိန်းခလေးတွေရဲ့ အလှကို သူတို့ရဲ့ မျက်စိထဲ ကနေ တွေ့နိုင်တယ် ။ မျက်စိ ဆိုတာ စိတ်ရဲ့ တံခါးပေါက် တခုပဲ "
ဒီစာလေးကို မိန်းခလေးတိုင်း ဖတ်မိနိုင် ပါစေ ။ မိန်းခလေးတိုင်းကို ပေးဖတ် လိုက်ပါ ။ မိန်းခလေးတိုင်း ဖတ်ရအောင် မျှဝေနိုင် ခဲ့ရင် သင်ဟာ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက် တာနဲ့ အတူတူ ပါပဲ။ မိန်းမသားတိုင်း လှကြပါတယ် ။
Original Writer
Post a Comment